Connect with us

Economy

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် များ ရေးထိုးနိုင်ခဲ့

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် မြန်မာ နိုင်ငံ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ် နိုင်ငံ ပေကျင်းမြို့၌ မေလ ၁၄ ရက် နှင့် ၁၅ ရက်တွင်ကျင်းပ ခဲ့သော “ခေတ်သစ်ပိုးလမ်းမကြီး” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီး နှီးနှောဖလှယ်ပွဲ(Belt and Road Fourm for International Cooperation) ကို တက်ရောက်ခဲ့ပြီး တရုတ် နိုင်ငံ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

တရုတ် နိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် မေလ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ(၅)ခု လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက် ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် မြန်မာ နိုင်ငံ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် “ခေတ်သစ်ပိုးလမ်းမကြီး” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီး နှီးနှောဖလှယ်ပွဲ ကို တက်ရောက်စဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တရုတ် နိုင်ငံ သို့ ရောက်ရှိနေသည့် မွေးရာပါ နှလုံးရောဂါ ဝေသနာ ခံစားနေရသော ကလေးငယ် များအား သွားရောက်ကြည့်ရှုခဲ့စဉ်(ဆင်ဟွာ)

အခမ်းအနားတွင် တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ကျုံးဆန်း (Zhong Shan) နှင့် မြန်မာ နိုင်ငံ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် တို့မှ “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြား တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး နားလည်မှု စာချွန်လွှာ”ကို လက်မှတ်ရေးထိုး ခဲ့ကြပြီး အခြားသော နားလည်မှုစာချွန်လွှာများ နှင့် သဘောတူညီချက်များဖြစ်သည့်

-“ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အစိုးရ နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အစိုးရ အကြား စီးပွား ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ် ”

– “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အစိုးရ နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အစိုးရ အကြား ပိုးလမ်းမကြီး စီးပွားရေး ရပ်ဝန်း နှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး ဖော်ဆောင်မှု မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ”

– “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံချက် ကော်မရှင် အကြား ကျန်းမာရေးကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ”

– “ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲမှု ဌာန အကြား ငလျင်အလွန် ပုဂံရှိသမိုင်းဝင် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်”တို့ကို လည်းလက်မှတ်ရေးထိုး ခဲ့ကြသည်။

ထို့ပြင် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြား ရရှိခဲ့သည့် သဘောတူညီမှု များတွင် တရုတ် နိုင်ငံ လမ်းပန်းဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန နှင့် မြန်မာ နိုင်ငံ တို့မှ လက်မှတ်ရေးထိုးခဲ့သည့် “ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စာချုပ်” ၊ တရုတ် နိုင်ငံ အစိုးရ နှင့် မြန်မာ နိုင်ငံ အစိုးရ အကြား “ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ” ၊ တရုတ် နိုင်ငံ သွင်းကုန်/ထုတ်ကုန် ဘဏ် နှင့် မြန်မာ နိုင်ငံ ရန်ကုန်လေဆိပ် ကုမ္ပဏီ အကြား ချုပ်ဆိုခဲ့သည့် “လေဆိပ်တိုးချဲ့ပြုပြင်တည်ဆောက်ရေး စီမံကိန်း ဆိုင်ရာ ချေးငွေ သဘောတူညီမှု စာချုပ်” ၊ တရုတ် နိုင်ငံ အစိုးရ နှင့် မြန်မာ နိုင်ငံ အစိုးရ အကြား ချုပ်ဆိုခဲ့သည့် “ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ်” စသည် တို့ကိုလည်း ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ တွင် “ခေတ်သစ်ပိုးလမ်းမကြီး” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီး နှီးနှောဖလှယ်ပွဲ ကို တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၁၆ ရက်နေ့တွင် တရုတ် နိုင်ငံ ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီး ၌ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) မှ ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့သော မွေးရာပါ နှလုံးရောဂါ ကို အခမဲ့ခွဲစိတ်ကုသမှု ခံယူနေသည့် မြန်မာ နိုင်ငံ မှ ကလေးငယ် များကို သွားရောက်ကြည့်ရှု အားပေးကာ အရုပ်လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.