Connect with us

Economy

မြန်မာအမျိုးသားလေကြောင်းလိုင်း တရုတ်နိုင်ငံချန်ဒူးမြို့သို့ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MNA)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)သည် ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံချန်ဒူးမြို့သို့ပျံသန်းမည့် ခရီးစဉ်သစ်ကို ယခုနှစ်ဒီဇင်ဘာလအတွင်း စတင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း မှ တာဝန်ရှိသူတစ် ဦးထံမှ သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ဘိုးရင်းလေယာဉ် လေးစင်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ် များကိုပျံသန်းလျက် ရှိသည့်အပြင် လေယာဉ်သစ် များကိုလည်းမှာယူ ထားကာ ယင်းလေယာဉ် သစ်များရောက် ရှိလာပါက ခရီးစဉ်သစ်များနှင့် ညပိုင်းခရီးစဉ် များကိုပါ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်က မြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေး (MNA) အဖြစ် စတင်ပျံသန်းပြီး ၂ဝ၁၄ ခုနှစ် ဒီဇင် ဘာလတွင် ဖွဲ့စည်းပုံပြောင်းလဲခဲ့ကာ လက်ရှိတွင်ပြည်တွင်း ခရီးစဉ် ၂၈ ခုနှင့်နိုင်ငံတကာခရီးစဉ် အဖြစ်စင်ကာပူ၊ ဟောင်ကောင်၊ ဗန်ကောက်နှင့် ချင်းမိုင်မြို့တို့သို့ ပျံသန်းလျက် ရှိကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.