Connect with us

Social

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတော် သံဃမဟာနာယ အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော အဖွဲ့တရုတ်နိုင်ငံသို့သွားရောက်


ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ ကျင်းပသော ၅ ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံသို့တက်ရောက်ရန် မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန ္တစန္ဒိမာ ဘိဝံသ နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ဦးဆောင်သော အဖွဲ့သည် ယနေ့အောက်တိုဘာ ၂၈ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် တရုတ်နိုင်ငံသို့ထွက်ခွာ သွားရောက်ခဲ့ကြောင်း သိရသည်။

၅ ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံအား တရုတ်နိုင်ငံ ၊ ဖူကျန့်ပြည်နယ် ၊ ဖူထရမ်မြို့၌ ကျင်းပ သွားမည် ဖြစ်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားရေး အတွက် ဆွေးနွေး တိုင်ပင်ကြမည် ဖြစ်ကြောင်း၊ ညီလာခံတွင် နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းအား ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဖတ်ကြားသွားမည် ဖြစ်ကြောင်း၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ သာသနာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံသို့ တက်ရောက်ရန် တာဝန်ရှိသူများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာစဉ်(ဆင်ဟွာ)

ထိုညီလာခံအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန ္တစန္ဒိမာ ဘိဝံသ နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို အပါအဝင် ၁၇ ဦး ပါဝင်သော အဖွဲ့သည် သွားရောက်ခဲ့ပြီး ညီလာခံအား အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက် အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံသို့ တက်ရောက်ရန် တာဝန်ရှိသူများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာစဉ်(ဆင်ဟွာ)

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန ္တစန္ဒိမာ ဘိဝံသ နှင့် သာသနာ ရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ဦးဆောင်သော အဖွဲ့အား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiao Yan(ဒေါ်နွဲ့ကလျာ) ၊ ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထိန်(Mr.Tian Shanting) နှင့် တာဝန်ရှိသူများ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံသို့ တက်ရောက်ရန် တာဝန်ရှိသူများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံသို့ တက်ရောက်ရန် တာဝန်ရှိသူများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာစဉ်(ဆင်ဟွာ)

အဆိုပါခရီးစဉ်တွင် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန ္တ ဇောတိက ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်း ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တ ကေသရ ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ဌာနကြီးမှူး ဆရာတော် ဒေါက်တာ ဘဒ္ဒန ္တဆေကိန္ဒ နှင့် သာသနာရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။(Xinhua)