Connect with us

Social

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ဒုတိယနေ့ နံနက်ပိုင်း၌ ကွန့်ရှု၊ ချန်းရှုနှင့် နန်ကွန် အားကစားနည်းများ ယှဉ်ပြိုင်


ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ဒုတိယနေ့ နံနက်ပိုင်း၌ ကွန့်ရှု (Gunshu)၊ ချန်းရှု (Qiangshu)နှင့် နန်ကွန်(Nangun) အားကစားနည်းများ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ချန်းရှု (Qiangshu)အားကစားနည်း အမျိုးသားပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို မလေးရှားနိုင်ငံ၊ ငွေတံဆိပ်ဆုကို ဂျပန်နှင့် ကြေးတံဆိပ်ဆုကို အင်ဒိုနီးရှားနိုင်ငံကရရှိခဲ့ပြီး ချန်းရှု (Qiangshu)အားကစားနည်း အမျိုးသမီးပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို မလေးရှားနိုင်ငံ၊ ငွေတံဆိပ်ဆုကို မြန်မာနိုင်ငံနှင့် ကြေးတံဆိပ်ဆုကို ဂျပန်နိုင်ငံတို့ က အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ဒုတိယနေ့တွင် ကွန့်ရှု၊ ချန်းရှုနှင့် နန်ကွန် အားကစားနည်းများ ယှဉ်ပြိုင် ကစားစဉ် (ဆင်ဟွာ)

နန်ကွန်(Nangun) အားကစားနည်း အမျိုးသားပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို ဗီယက်နမ်နိုင်ငံ၊ ငွေတံဆိပ်ဆုကို ဖိလစ်ပိုင်နိုင်ငံနှင့် ကြေးတံဆိပ်ဆုကို တရုတ် မကာအိုတို့က ရရှိခဲ့ပြီး နန်ကွန်(Nangun) အားကစားနည်း အမျိုးသမီးပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို တရုတ် ဟောင်ကောင်၊ ငွေတံဆိပ်ဆုကို ဗီယက်နမ်နှင့် ကြေးတံဆိပ်ဆုကို မြန်မာနိုင်ငံတို့က အသီးသီးရရှိခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ဒုတိယနေ့တွင် ကွန့်ရှု၊ ချန်းရှုနှင့် နန်ကွန် အားကစားနည်းများ ယှဉ်ပြိုင် ကစားစဉ် (ဆင်ဟွာ)

ကွန့်ရှု (Gunshu) အားကစားနည်း အမျိုးသားပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို ရုရှား၊ ငွေတံဆိပ်ဆုကို တရုတ် တိုင်ပေနှင့် ကြေးတံဆိပ်ဆုကို ကိုရီးယားနိုင်ငံတို့က ရရှိခဲ့ပြီး အမျိုးသမီးပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို တရုတ် ဟောင်ကောင်၊ ငွေတံဆိပ်ဆုကို ရုရှားနှင့် ကြေးတံဆိပ်ဆုကို ဗီယက်နမ်နိုင်ငံတို့က အသီးသီးရရှိခဲ့ကြောင်း သိရသည်။

“လှံအပြောင်းအရွှေ့တစ်နေရာမှာ တစ်ချက် လွဲချော်သွားခဲ့လို့ ဖြတ်မှတ်ပါသွားတဲ့အတွက် အခုလို ငွေတံဆိပ်ပဲ ရသွားတာပါ။ ရွှေမရခဲ့လိုလည်း စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်” ချန်းရှု (Qiangshu) အားကစားနည်း အမျိုးသမီးပွဲစဉ်တွင် ငွေတံဆိပ်ဆုရရှိခဲ့သော မစန္ဒီဦးက ပြောကြားသည်။

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့တွင် ချွန်ချွမ်(Changquan) ၊ နန်ချွမ် (Nanquan) ၊ ထိုက်ကျိချွမ် (Taijiquan) ၊ သောင်းစု (Daoshu) ၊ ကျန့်စု (Jianshu) ၊ နန်သောင်း(Nandao) အားကစားနည်း အမျိုးအစားများအား အမျိုးသား ၊ အမျိုးသမီး ပွဲစဉ်များ အဖြစ် နိုင်ငံ အသီးသီးမှ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၂၁ ခုမှ အားကစား သမား ၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အားကစား သမား ၄ ဦး ပါဝင် ခဲ့ကြောင်း သိရသည်။ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ နိုဝင်ဘာ ၁၈ ရက် အထိ ၂ ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.