Connect with us

Social

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ဒုတိယနေ့ ညနေပိုင်း၌ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်၊ မြန်မာက ရွှေတံဆိပ်ဆုတစ်ဆုရရှိ


ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ဒုတိယနေ့ ညနေပိုင်း၌ Taijijian (ထိုက်ကျိကျန့်) နှင့် Duel (နှစ်ဦး သို့မဟုတ် သုံးဦးစွမ်းရည်ပြသည့် သွေ့လျန်) အားကစားနည်းများ ယှဉ်ပြိုင်ကစားခဲ့ ကြပြီး ထိုက်ကျိကျန့် အားကစားနည်းအမျိုးသားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယှဉ်ပြိုင်ခဲ့သည့် ငြိမ်းချမ်းကိုကို က ရွှေတံဆိပ်ဆုရရှိခဲ့သည်။

ရွှေတံဆိပ်ဆုရှင် ကိုငြိမ်းချမ်းကိုကို က “အခုလို ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့အတွက်လည်း အားရကျေနပ်မှုရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲ မှာ ရွှေတံဆိပ်ဆု တစ်ခု နှင့် ကြေးတံဆိပ်ဆု တစ်ခု ရရှိခဲ့ပါတယ်။ဒီနေ့ ပြိုင်ပွဲ အမျိုးသားထိုက်ကျိကျန့် (Taijijian)ပွဲစဉ်မှာ ရွှေရခဲ့ပါတယ်။ မနေ့ကပြိုင်တဲ့ အမျိုးသား ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်မှာ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။အမျိုးသားTaijijian (ထိုက်ကျိကျန့်)ပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံ၊ ငွေတံဆိပ်ဆု နှင့် ကြေးတံဆိပ်ဆုကို တရုတ်ဟောင်ကောင် မှ ရရှိခဲ့သည်။

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲ ဒုတိယနေ့အဖြစ်ကျင်းပခဲ့ရာ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

အမျိုးသမီး Taijijian (ထိုက်ကျိကျန့်) ပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို တရုတ်ဟောင်ကောင်၊ငွေတံဆိပ်ဆုကို ဗီယက်နမ်နိုင်ငံ၊ ကြေးတံဆိပ်ဆုကို မလေးရှားနိုင်ငံတို့ မှ အသီးသီး ရရှိခဲ့သည်။အမျိုးသား Duel (နှစ်ဦး သို့မဟုတ် သုံးဦးစွမ်းရည်ပြသည့် သွေလျန်) အားကစားနည်း တွင် အဖွဲ့ နှစ်ဖွဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုကို ယူကရိန်းနိုင်ငံ၊ ငွေတံဆိပ်ဆု ကို အိန္ဒိယနိုင်ငံမှ ရရှိခဲ့သည်။အမျိုးသမီး Duel (နှစ်ဦး သို့မဟုတ် သုံးဦးစွမ်းရည်ပြသည့် သွေလျန်) အားကစားနည်းတွင် ရွှေတံဆိပ်ဆု ကို မလေးရှားနိုင်ငံ၊ ငွေတံဆိပ်ဆုကို တရုတ်မကာအို နှင့် ကြေးတံဆိပ်ဆုကို အမေရိကန်နိုင်ငံတို့က ရရှိခဲ့သည်။

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲ ဒုတိယနေ့အဖြစ်ကျင်းပခဲ့ရာ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲ ဒုတိယနေ့အဖြစ်ကျင်းပခဲ့ရာ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲ ဒုတိယနေ့အဖြစ်ကျင်းပခဲ့ရာ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲ ဒုတိယနေ့အဖြစ်ကျင်းပခဲ့ရာ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲ ဒုတိယနေ့အဖြစ်ကျင်းပခဲ့ရာ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယနေ့နိုဝင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲ ဒုတိယနေ့အဖြစ်ကျင်းပခဲ့ရာ ထိုက်ကျိကျန့် နှင့် Duel(သွေ့လျန်)အားကစားနည်းများယှဉ်ပြိုင်ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့တွင် ချွန်ချွမ်(Changquan) ၊ နန်ချွမ် (Nanquan) ၊ ထိုက်ကျိချွမ် (Taijiquan) ၊ သောင်းစု (Daoshu) ၊ ကျန့်စု (Jianshu) ၊ နန်သောင်း(Nandao) အားကစားနည်း အမျိုးအစားများအား အမျိုးသား ၊ အမျိုးသမီး ပွဲစဉ်များ အဖြစ် နိုင်ငံ အသီးသီးမှ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၂၁ ခုမှ အားကစား သမား ၈၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အားကစား သမား ၄ ဦး ပါဝင် ခဲ့ကြောင်း သိရသည်။ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲအား ရန်ကုန်မြို့အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ နိုဝင်ဘာ ၁၈ ရက် အထိ ၂ ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.