Connect with us

Social

ပထမဆုံး တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ် အား ပဲခူးတိုင်း ဒေသကြီးအတွင်း စတင် ဖွင့်လှစ်

ပထမဆုံး“တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်”အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့စဉ် (ဆင်ဟွာ)

ပဲခူး ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ပထမဆုံး“တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်”အား ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ မဟာပညာဗိမ္မာန် ပရဟိတ သင်တန်းကျောင်း၌ ယနေ့ အောက်တိုဘာလ ၂၀ ရက်တွင် တရားဝင် စတင် ဖွင့်လှစ်ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရ၏ အလေးထားမှုနှင့် အားပေးမှုတို့မှ တစ်ဆင့် အဆိုပါ ပထမဆုံး“တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ်”ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဦးနု+ဒေါ်မြရီ ဖောင်ဒေးရှင်းသို့ ဆောက်လုပ် လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်”အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ကျောင်းဆောင်သစ်အား အမွေးနံသာရည်များဖြင့် ပတ်ဖြန်း နေစဉ် (ဆင်ဟွာ)

ဦးနု+ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ကျောင်းဆောင်သစ်အား အမွေးနံသာရည်များဖြင့် ပတ်ဖြန်း နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ဦးနု+ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်”တွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပညာသင် ထောက်ပံ့ကြေး ပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ကျောင်းသူကျောင်းသား အားလုံး၏ ကိုယ်စား ကျောင်းသူ ၂ ဦးကို လက်ဆောင် ပစ္စည်း ပေးအပ်စဉ် (ဆင်ဟွာ)

တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်အား လိုက်လံကြည့်ရူနေစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ် ဖွင့်ပွဲ စုပေါင်းမှတ်တမ်းတင် ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ပထမဆုံး“တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင်သစ်”အား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တည်ဆောက်ရေး ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် အတွက် လိုအပ်သည့် လူတော်လူချွန်များကို ကူညီ ပျိုးထောင်ပေးနိုင်ရန် မြန်မာနိုင်ငံ၏ အဆိုပြုချက် အရ တရုတ်သံရုံးမှ “တရုတ်-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်သစ်”နှင့် “တရုတ်-မြန်မာ ချစ်ကြည်ရေးပညာသင်ဆုနှင့် ထောက်ပံ့ငွေ” စီမံကိန်းကိုထူထောင်ပြီး မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို တိုးတက်လာအောင် ကူညီပေးနိုင်ရန် မျှော်လင့်ကြောင်း ၊ နိုင်ငံရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူတော်အရင်းအမြစ်များ တိုးပွားလာစေရန် အဆက်မပြတ်အားပေး ကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

ရွှေကျင်မဟာပညာဗိမာန် ပရဟိတ သင်တန်းကျောင်း စာသင်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်းသည် ပထမဦးဆုံး “တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်” စီမံကိန်း ဖြစ်ပြီး စီမံကိန်း ကို ၅ လ အတွင်း ပြီးဆုံးခဲ့ရာ မြန်မာငွေကျပ် သိန်း ၇၆၀ ကုန်ကျခဲ့ကြောင်း ၊ ယနေ့တွင် မြန်မာနိုင်ငံဘက်သို့ တရားဝင် ပြောင်းလွဲှပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျောင်းဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက် ထောက်ပံ့ပေးရန် တရုတ်သံရုံးမှ ကျောင်းထံသို့ မြန်မာကျပ်ငွေ သိန်း ၂၀၀ ကို ပညာသင်ဆု၊ ထောက်ပံ့ငွေအဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ်” အား မဟာပညာဗိမာန် လူငယ်ဖွံ့ဖြိုးရေးကျောင်း၏ ကျောင်းခွဲ နည်းပညာသင်တန်းကျောင်း အဖြစ် ကွန်ပျူတာသင်တန်း၊ စက်ချုပ် သင်တန်းများနှင့် အင်္ဂလိပ်ဘာသာစကားပြောသင်တန်းများကိုလည်း သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကူညီပံ့ပိုးမှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံကာလရှည်ကြာ ကတည်းက ထားရှိလာသည့် ချစ်ကြည် ရင်းနှီးမှုကြောင့် ဖြစ်ကြောင်း ဦးနု+ဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ကျေးဇူးတင် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခု စီမံကိန်းအပြင် တရုတ်သံရုံးမှ မြန်မာနိုင်ငံရှိ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် “တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင်”များ ဆက်လက် တည်ဆောက် လှူဒါန်းသွားမည်ဖြစ်ပြီး “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု၊ ထောက်ပံ့ငွေ”များ ပေးအပ်မည်ဖြစ်ကာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပညာရေးအပေါ် အကူအညီပေးသော ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်ကို ထူထောင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.