Connect with us

Social

ဟွာဝေး (Huawei) ကုမ္ပဏီမှ သီတင်းကျွတ် ကာလအတွင်း မြန်မာနိုင်ငံ နေရာအသီးသီး၌ လှူဒါန်းခြင်းများ ပြုလုပ်


ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဟွာဝေး (Huawei) ကုမ္ပဏီသည် သီတင်းကျွတ် ကာလအတွင်း ရန်ကုန် ၊ မန္တလေးနှင့် ပြည်မြို့များရှိ မိဘမဲ့ကလေးကျောင်းများ ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများ ၊ မသန်စွမ်းကျောင်း နှင့် အခြား လိုအပ်ချက်များ ရှိသည့် စုစုပေါင်း (၆) နေရာတွင် ငွေကျပ် သိန်းပေါင်း ၁,၃၀၀ တန်ဖိုးရှိသော လှူဒါန်းခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဟွာဝေး ကုမ္ပဏီ မှ တာဝန် ရှိသူများ သည် အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့ ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာန သို့သွားရောက်၍ ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ပြီး ကလေးငယ်များအား လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့သည်။ ထိုလှူဒါန်းပွဲတွင် ဟွာဝေး ကုမ္ပဏီ CEO ကျန်းလီမန် ( Zhang Liman) မှ ဟွာဝေး ကုမ္ပဏီသည် မြန်မာ နိုင်ငံ လူမှု အသိုင်းအဝိုင်းကို ပြန်လည် အကျိုးပြု ဆောင်ရွက်သည့် လုပ်ငန်းများကို ဦးဆောင်လမ်းပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ရန်ကုန်မြို့ ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာန သို့ ဟွာဝေး ကုမ္ပဏီ မှ သွားရောက်၍ ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့စဉ်(ဆင်ဟွာ)

ရွှေဂုံတိုင် ကလေးပြုစုရေး ဌာန ဦးစီးအရာရှိ ဒေါ်ခင်ယုဒါရီ မှ ရွှေဂံုံတိုင် ကလေးပြုစုရေး ဌာနတွင် အသက် ၆ လ မှ ၁၀ နှစ် အထိ ကလေးငယ် စုစုပေါင်း ၆၉ ယောက်ရှိပြီး ဝန်ထမ်း အင်းအား အနေဖြင့် ၃၁ ယောက်ရှိကြောင်း ၊ ရွှေဂုံတိုင် ကလေးပြုစုရေး ဌာန အနေဖြင့် ဟွာဝေး ကုမ္ပဏီမှ ကလေးသူငယ်များကို အသိအမှတ်ပြု လာရောက် လှူဒါန်းသည့်အတွက် ဝမ်းမြောက်ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

သန်လျင်မြို့ရှိ သဘာဝ တရားရိပ်သာ တွင်နေထိုင်သော ဘိုးဘွားများနှင့်ယောဂီများအတွက် ဟွာဝေး ကုမ္ပဏီ မှ သွားရောက်လှူဒါန်းခဲ့စဉ်(ဆင်ဟွာ)

ထို့ပြင် ဟွာဝေး ကုမ္ပဏီ သည် အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီ အချိန်တွင် သန်လျင်မြို့ရှိ သဘာဝ တရားရိပ်သာ တွင်နေထိုင်သော ဘိုးဘွားများနှင့်ယောဂီများအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ သဘာဝတရားရိပ်သာ တာဝန်ခံ ဦးကျော်အေးက သဘာဝ တရားရိပ်သာတွင် ရဟန်း ၊ သီလရှင် ၊ ဘိုးဘွားနှင့် လူမမာ စုစုပေါင်း ၂,၆၈၄ ဦးရှိကြောင်း ၊ ဟွာဝေး ကုမ္ပဏီ အနေဖြင့် အမှန်တကယ်လိုအပ်သော ပစ္စည်းများကို လာရောက်လှူဒါန်းသည့်အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ ဟွာဝေး ကုမ္ပဏီအနေဖြင့် ယခုအကြိမ် လှူဒါန်းသည့် လှူဖွယ်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ သိန်းပေါင်း ၁,၁၅၀ ရှိသဖြင့် အလှူကြီးတစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက်တွင် သဘာဝ တရားရိပ်သာ (သန်လျင်) ကျောင်းထိုင်ဆရာတော် ဦးဥတ္တမသာရ မှ ဟွာဝေး ကုမ္ပဏီ မှပြုလုပ်သည့် ကောင်းမှုကုသိုလ် အတွက် ရေစက်ချ အမျှပေးဝေခဲ့ပါသည်။ဟွာဝေး ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်လေ့ရှိပြီး လွန်ခဲ့သည့် နှစ်က ရေဘေးတွင် ဟွာဝေး ကုမ္ပဏီမှ ကျပ်ငွေ သိန်းပေါင်း ၂,၀၀၀ နှင့် ရေဘေးကယ်ဆယ်ရေး ပစ္စည်းထုပ် ၁,၀၀၀ ကိုလှူဒါန်းခဲ့ပြီး သြဂုတ်လတွင် ဖြစ်ပွား ခဲ့သည့် ပုဂံ ငလျင်တွင်လည်း ကျပ်ငွေ သိန်းပေါင်း ၁,၀၀၀ ကို လှူဒါန်းခဲ့သည်။ (Xinhua)