Connect with us

Social

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည် ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) မှ ရှမ်းပြည်နယ်တွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းအတွက် လိုအပ်သောပစ္စည်းများ လှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လီရုန်ခန်းမှ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ထံ “One Village One TV”စီမံကိန်းအတွက် လိုအပ်သော ပစ္စည်းများ ပေးအပ်နေစဉ် (ဆင်ဟွာ)

တောင်ကြီး ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) ကရှမ်းပြည်နယ် ရှိ ကျေးရွာများ၌ အကောင်အထည်ဖော်မည့် “One Village One TV” စီမံကိန်းအတွက် လိုအပ်သော ပစ္စည်းများကို အောက်တိုဘာလ၂၀ ရက် နေ့လည် ၁၁ နာရီ အချိန်တွင် တောင်ကြီးမြို့ရှိ အစိုးရရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ၊ ရှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင် ၊ ဌာန ဆိုင်ရာပုဂ္ဂိုလ်များ နှင့် သက်ဆိုင်ရာ အရာရှိများ တက်ရောက် ခဲ့ကြပြီး YINGOS ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လီရုန်ခန်း (Mr.Li Rongkang) နှင့် အခြား သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များတက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လီရုန်ခန်းသို့ ဂုဏ်ပြုလက်မှတ် ပေးအပ်စဉ် (ဆင်ဟွာ)

ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အပြည်ပြည် ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း (YINGOS) မှ အဖွဲ့ဝင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

YINGOS ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လီရုန်ခန်း နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မိတ်ဆွေ အိမ်နီးချင်း နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံသည်လည်း တောတောင်ရေမြေချင်း ထိစပ်နေကြောင်း ၊ တရုတ်နိုင်ငံ အစိုးရ အနေဖြင့်လည်း တရုတ်နိုင်ငံရှိ အရည်အချင်း ပြည့်ဝသော NGO အဖွဲ့များကို မြန်မာနိုင်ငံတွင် ပရဟိတ လုပ်ငန်းများ သွားရောက်ဆောင်ရွက်ရန် အစဉ် တိုက်တွန်းခဲ့ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် ဆက်လက်၍ ဒေသတွင်းရှိ ပြည်သူလူထုတို့၏ လူမှုဘဝ ပိုမို မြှင့်တင်နိုင်ရန် အတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ ကျေးဇူးတင်စကား ပြောကြား ရာတွင် လူမှုဘဝတွင် စားဝတ်နေရေး အပြင် ဖျော်ဖြေတင်ဆက်မှုနှင့် သတင်း အချက်အလက် ရယူမှုသည်လည်း လွန်စွာ အရေးပါကြောင်း ၊ ယခု အကြိမ် YINGOS မှ ရှမ်းပြည်နယ် ဒေသရှိ ကျေးရွာများ၌ အကောင်အထည်ဖော်မည့် “One Village One TV” စီမံကိန်း အတွက် လာရောက်လှူဒါန်းရာတွင် Solar System များပါဝင် လှူဒါန်းသည့် အတွက် အချို့သော လျှပ်စစ်မီး မရရှိ နိုင်သည့် ကျေးရွာများ အတွက် လွန်စွာ အသုံးဝင်စေကြောင်း ၊ ထို့ပြင် Sky Net ရုပ်သံလှိုင်းများကိုပါ ထည့်သွင်းလှူဒါန်းထားရာ Sky Net တွင် တရုတ်နိုင်ငံမှ ထုတ်လွှင့်သည့် CCTV ရုပ်သံလှိုင်း ပါဝင်သောကြောင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ဆက်ဆံရေးကို ပိုမို ခိုင်မာ စေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

YINGOS သည် ယခု အကြိမ်လှူဒါန်းရာတွင် ကျေးရွာပေါင်း ၁၂၀ အတွက် TV ၊ SKY NET DTH စက် (ကြည့်ရှုခ သုံးနှစ်စာအပါအဝင်) နှင့် Solar System(Inverter + Battery ) အစုံလိုက် စုစုပေါင်း အစုံ ၁၂၀ ကို ရှမ်းပြည်နယ် “One Village One TV” စီမံကိန်း အတွက် လှူဒါန်း ခဲ့ပြီး တန်ဖိုးအနေဖြင့် အမေရိကန် ဒေါ်လာ ၁၁၀,၃၀၀ ရှိကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.