Connect with us

Social

ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုအတွက် တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေးများ ကူညီမည်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က သြဂုတ်လ ၄ ရက်နေ့တွင် အင်တာဗျူးဖြေကြားနေစဉ် (ဆင်ဟွာ)

စစ်တွေ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် အပျက်အစီး အဆုံးအရှုံး များသော ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေးများ ကူညီ ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးတွင် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နှင့် ရေဘေးသင့် ပြည်သူများသို့ လှူဒါန်းရန် ရောက်ရှိနေသော တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ တွေ့ဆုံခဲ့ကြောင်း၊ ယင်းတို့ တွေ့ဆုံစဉ် တရုတ် သံအမတ်ကြီးသည် အနာဂတ် ရခိုင်ပြည်နယ် အတွက် တရုတ်နိုင်ငံ ကိုယ်စား ကူညီမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်က ဆင်ဟွာသို့ ပြောသည်။

“ ရခိုင်ပြည်က နိမ့်ကျတဲ့ အတွက် အပေါ်ကို ရောက်ချင်ပါတယ်၊ အခုလို ကူညီမှုတွေကို ဝမ်းသာ ပါတယ်၊ အနာဂတ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ကို တိုးတက်ဖို့ ရည်ရွယ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုသည်။တရုတ် သံအမတ်ကြီးနှင့် အဖွဲ့သည် ယနေ့ ရခိုင်ပြည်နယ် ရေဘေးသင့် ပြည်သူများအတွက် အမေရိကန် ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့သည်။

ရေကြီး ရေလျှံမှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ငါးမြို့နယ်ဖြစ်သည့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော် မြို့များကို အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး ယနေ့ထိ သေဆုံးသူ ရခိုင်ပြည်နယ် အတွင်း ၃၉ ဦး ထိရှိကာ ရေဘေးသင့် ပြည်သူ ၆ သောင်းကျော် ရှိနေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

တရုတ် သံရုံးမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိ လူသားချင်း စာနာ ထောက်ထားမှု ကူညီ ထောက်ပံ့ရေး ပစ္စည်းများကို စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် လှူဒါန်းမည် ဖြစ်သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သော Blue Sky Rescue Team အဖွဲ့သည် မြန်မာနိုင်ငံ၏ ရေဘေးသင့်ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ လုပ်ဆောင်နိုင်ရန်အတွက် Air China လေကြောင်းလိုင်းဖြင့် ယနေ့ နံနက်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ၎င်းအဖွဲ့နှင့်အတူ ကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ခေတ်မှီ အထောက်အကူ ပြုပစ္စည်းများ ယူဆောင်ကြောင်း သိရလာသည်။ (Xinhua)