Connect with us

Social

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့ ယနေ့ မြန်မာ နိုင်ငံ သို့ရောက်ရှိ


ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး အစိုးရမဟုတ်သည့် ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည့် Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသ များသို့ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်များ ဆောင်ရွက်ရန် ယနေ့ မနက်ပိုင်း တွင် တရုတ် နိုင်ငံ မှ ရန်ကုန် မြို့ သို့ရောက်ရှိခဲ့သည်။

Blue Sky အဖွဲ့ ခေါင်းဆောင် Zhang Yong မှ ဆင်ဟွာ သတင်းဌာန ၏ အင်တာဗျူး ဖြေကြားရာတွင် ယခု ရောက်ရှိလာသည့် အဖွဲ့သည် လူသားချင်း စာနာ ထောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း ၊ တရုတ်မြန်မာနှစ်နိုင်ငံက အိမ်နီးချင်း နိုင်ငံတွေဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု အစဉ်အလာ ကြီးမားသော နိုင်ငံတွေလဲ ဖြစ်ကြောင်း ၊ အခုမြန်မာနိုင်ငံ ဘေးအန္တရာယ် ကျရောက်တဲ့ အချိန်မှာ ကျွန်တော်တို့ အစိုးရ မဟုတ်တဲ့ ပြည်သူတွေရဲ့ပရဟိတ အဖွဲ့တစ်ဖွဲ့အနေနဲ့ ဒီဘက်က ဒုက္ခရောက်နေသူ တွေကို ကယ်ချင်လို့ ပထမဆုံး လာရောက် ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Zhang Yong မှ ဆင်ဟွာ အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

ထို့ပြင် Blue Sky အဖွဲ့ ခေါင်းဆောင် Zhang Yong မှ သက်ဆိုင်ရာ ဋ္ဌာနတွေနဲ့ တွေ့ပြီး အလိုအပ်ဆုံး နေရာကို သွားမည် ဖြစ်ပြီး ပထမဆုံး အနေနဲ့ ရခိုင် ပြည်နယ်ဘက်ကို အရင်ဆုံးသွားမည် ဖြစ်ကြောင်း ၊ အခုပထမဆုံး ရှေ့ပြေးအနေနဲ့ ၁၀ ယောက်အဖွဲ့ ရောက်ရှိလာတာ ဖြစ်ကြောင်း ၊ ကယ်ဆယ်ရေး အတွက် နောက်ထပ် ဒုတိယအသုတ်၊ တတိယ အသုတ် လာဖို့ လူတွေလဲ အဆင်သင့် ဖြစ်နေကြောင်း ၊ အခု ပထမဆုံး လာတဲ့ အဖွဲ့ အနေနဲ့ လက်ရှိ အခြေအနေ ကို မသိရသေးတဲ့ အတွက် သက်ဆိုင်ရာ ဋ္ဌာနတွေနဲ့ တွေ့ဆုံ လေ့လာပြီးမှ နောက်ထပ်အဖွဲ့ အစည်းတွေ ထပ်ခေါ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117