Connect with us

Social

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 Vaccine ဆေးထိုးအပ်များ လှူဒါန်း

ရန်ကုန်၊ဧပြီ၂ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှမြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့အရေးပေါ်လှူဒါန်းသော COVID-19 Vaccine ဆေးထိုးအပ် အခုရေ ၂သန်းကို မူဆယ်မြို့၌ ဧပြီလ၂ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။ထို့ပြင် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့လှူဒါန်းသော COVID-19 Vaccine ဆေးထိုးအပ်အခုရေ ၁ သန်းကိုလည်းတပြိုင်တည်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။COVID-19 ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ကာကွယ်ဆေး (Vaccine) ၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်းစသည့်ကပ်ရောဂါကာကွယ်ရေးပစ္စည်းများဆက်တိုက်လှူဒါန်းပေးခဲ့ပြီးမြန်မာနိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကိုပံ့ပိုးကူညီခဲ့ကြောင်း၊လက်ရှိအချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ထောက်ပံ့သောCOVID-19ကာကွယ်ဆေးစုစုပေါင်းအရေအတွက်မှာ ၄၁သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသောCOVID-19Vaccineဆေးထိုးအပ်များအားတွေ့ရစဉ်(ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသောCOVID-19Vaccineဆေးထိုးအပ်များအားတွေ့ရစဉ်(ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ယခုအကြိမ်တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့အရေးပေါ်လှူဒါန်းသော COVID-19 Vaccine ဆေးထိုးအပ် အခုရေ ၃သန်းသည်မြန်မာနိုင်ငံ၏Vaccineဆေးထိုးအပ်လိုအပ်နေမှုအခြေအနေကိုပြေလျော့စေကာမြန်မာနိုင်ငံတွင်Vaccineထိုးနှံမှုလုပ်ငန်းအရှိန်မြှင့်တင်ရန် အားဖြည့်ပေးပြီး မြန်မာပြည်သူများအတွက်ခုခံအားအကာအကွယ်ကို ပိုမိုကောင်းမွန်စွာတည်ဆောက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

#တရုတ်နိုင်ငံမှလှူဒါန်းမှု#COVID-19ကာကွယ်ဆေး#ဆင်ဟွာ#DonationfromChina#COVID-19Vaccine#Xinhua#Myanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.