Connect with us

Videos

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဗဟိုအစိုးရရုံး ဖွင့်လှစ် (ရုပ်သံ)

ဟောင်ကောင်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဗဟိုပြည်သူ့အစိုးရရုံးကို ဇူလိုင် ၈ ရက် နံနက်ပိုင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ရုံးကို တရုတ်နိုင်ငံ ဥပဒေပြုလွှတ်တော်မှ အတည်ပြုခဲ့ပြီး ဇွန် ၃၀ ရက်က ပြဌာန်းခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟောင်ကောင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေနှင့်အညီ ထူထောင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေးဥပဒေအရ ၎င်းရုံးသည် HKSAR တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုနှင့် စပ်လျဉ်းသော ဖွံ့ဖြိုးတိုးတက်မှုများအား လေ့လာဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်သလို အဓိကမဟာဗျူဟာများနှင့် အရေးပါသော မူဝါဒများ ထင်မြင်ချက်ပေးခြင်းနှင့် အဆိုပြုချက်များ ဆောင်ရွက်ခြင်း၊ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် တာဝန်ယူရာတွင် HKSAR အား ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ထောက်ခံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ရုံးသည် အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သော သတင်းများနှင့် အချက်အလက်များအား စုစည်းခြင်းနှင့် လေ့လာဆန်းစစ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သလို အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေမည့် အရာများကိုလည်း ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.