Connect with us

Videos

တရုတ်နိုင်ငံဟဲနန်ပြည်နယ်တွင် ဦးစားပေးအဖွဲ့အလိုက်  COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

ဟဲနန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံ တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် ဦးစားပေးအဖွဲ့အလိုက် COVID-19 ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်းသိရသည်။

ပြည်နယ်အတွင်း ပထမအသုတ်အဖြစ် ကျန်းကျိုးမြို့ရှိ အအေးခန်းကုန်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူ ၅၀ ဦးအား စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက  ယခု ဆောင်းရာသီ နှင့် နွေဦးရာသီ အတွင်း COVID-19 ကာကွယ်ဆေးများကို အဓိက အသုတ်အလိုက်ခွဲကာ ထိုးနှံပေးမည်ဟုကြေညာခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်း အဆင့် ၂ ဆင့်တွင် ပြည်ပတင်သွင်း အအေးခန်းကုန်ပစ္စည်းလုပ်ငန်း(အေးခဲသားငါး)နှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးမည် ဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေအလယ်အလတ် နှင့် ကူးစက်ခံရနိုင်ချေများသည့် နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်သူများနှင့် ပညာသင်သွားရောက်သူများအနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံနိုင်မည်ဖြစ် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.