Connect with us

Africa & Middle East

ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ၆ဦးသေ၊ ၈၇ဦး ဒဏ်ရာရ


ကဘူးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၏ အသုဘအခမ်းအနားတစ်ခုတွင် ဇွန်လ ၃ ရက် က ဗုံးပေါက်ကွဲမှု ၃ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ ဦးသေဆုံးပြီး အခြားလူ ၈၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က အတည်ပြုပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်၌ “ကဘူးလ်မြို့က အသုဘအခမ်းအနားတစ်ခုကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၆ဦးသေဆုံးပြီး ၈၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟုပါရှိသည်။အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ လူ ၁၈ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်မြို့ ရှိ အသုဘအခမ်းအနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ဒေသခံ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းရုပ်သံလိုင်း တိုလို က ကဘူးလ်မြို့ ၏ အမှတ် (၁၁) ရဲခရိုင် ရှိ Sara-e-Shamali ရပ်ကွက် တွင် ပြုလုပ်ခဲ့သော Salim Ayzedyar ၏ အသုဘအခမ်းအနားသို့ လူရာပေါင်းများစွာ တက်ရောက်လာစဉ် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။Salim သည် အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Alam Ayzedyar ၏ သားဖြစ်ပြီး ကဘူးလ်မြို့တွင် ဇွန် ၂ ရက် က ဖြစ်ပွားခဲ့သော ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့များ အကြား ပဋိပက္ခဖြစ်ပွားမှု တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)