Connect with us

Politics, Law & Military

မန္တလေးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးမြို့တွင် ဩဂုတ် ၃၁ ရက်၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ယင်း ပေါက်ကွဲမှုမှာ ဩဂုတ် ၃၁ ရက်၊ မွန်းလွဲ ၁း၃၀ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဆေးရုံတွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် တစ်စီးပေါ်မှ အမျိုးသား ၂ ဦး သည် ကျန်းမာရေးဆေးရုံအတွင်းသို့ မောင်းနှင်ဝင်ရောက်လာပြီး လက်လုပ်ဗုံး ၂ လုံး ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်း အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)