Connect with us

Africa & Middle East

ဆီးရီးယားစစ်တပ်က အလက်ပိုအစွန်အဖျားရှိ IS စစ်သွေးကြွ ၁,၂၀၀ ကို သုတ်သင်နိုင်ခဲ့

အလက်ပိုပြည်နယ် အနောက်ပိုင်း၌ အစိုးရထောက်ခံသော တပ်ဖွဲ့များအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမက်စကက်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်၏ ကြီးမားကျယ်ပြန့်သော ထိုးစစ်တစ်ခုအတွင်း အနည်းဆုံး IS စစ်သွေးကြွ ၁,၂၀၀ ကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာန SANA က ဇွန် ၃ ရက်တွင်ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ ၏ အလက်ပိုပြည်နယ်တွင် ပြုလုပ်လျက်ရှိသော စစ်ဆင်မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ဆီးရီးယားစစ်တပ်သည် အလက်ပိုပြည်နယ် အရှေ့တောင်ဘက်စွန်းရှိ ကျေးရွာအသစ် ၂၂ရွာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

SANA သတင်းဋ္ဌာနက IS စစ်သွေးကြွအများအပြားသေဆုံးခဲ့သည့် အဆိုပါ စစ်ဆင်ရေး၏ ကြာချိန်ကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း ဆီးရီးယားစစ်တပ်က ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် အလက်ပိုမြို့အရှေ့ဘက်ခြမ်းကို ပြန်လည်သိမ်းပိုက်နိုင်ပြီးနောက် အလက်ပိုအရှေ့ဘက်အစွန်း၌ ၎င်း၏ စစ်ဆင်ရေးများကို ၂၀၁၇ခုနှစ် အစောပိုင်းတွင်စတင်ခဲ့ကြောင်း သိရသည်။မကြာသေးမီ က ဆီးရီးယားစစ်တပ်သည် ဆီးရီးယား အလယ်ပိုင်း ရှိ ဆီးရီယားသဲကန္တာရ နှင့် အရှေ့ပိုင်း ရှိ ISစစ်သွေးကြွတို့အား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)