Connect with us

Africa & Middle East

ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး

ကဘူးလ် ၊ ဇူလိုင်၂၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးတွင် ဇူလိုင်လ ၂၂ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဗုံးခွဲတိုက်ခိုက်မှုမှာ ဒေသစံတော်ချိန် ညနေပိုင်း ၅ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ လူ ၁၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရကြောင်း ၊ သေဆုံးဒဏ်ရာရသူများမှာ အရပ်သားနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

အာဖဂန် ဒုတိယ သမ္မတ Abdul Rashid Dostum သည် တူရကီမှ ကဘူးလ်သို့ အခင်းဖြစ်ပွားသည့် နေ့တွင် ပြန်လည်ရောက်ခဲ့ကြောင်း၊ အစိုးရအဆင့်မြင့်အရာရှိကြီးများနှင့် ၎င်းအား ထောက်ခံသူတို့က လေဆိပ်၌ လာရောက်ကြိုဆိုခဲ့ကြကြောင်း ၊ Abdul Rashid Dostum၏ ယာဉ်တန်း လေဆိပ်မှ ထွက်ခွာပြီး ကြိုဆိုသောလူစု ပြန်ရန် ပြင်ဆင်နေချိန်တွင် ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Abdul Rashid Dostumအနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Abdul Rashid Dostumသည် ဥဇဘက်လူမျိုးဖြစ်ပြီး အာဖဂန် မြောက်ပိုင်းဒေသတွင် သြဇာရှိသူဖြစ် ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံရေးပြိုင်ဘက်အား အကျဉ်းချခဲ့သည်ဟု သံသယရှိသောကြောင့် စစ်ဆေးခံခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် မေလတွင် အာဖဂန်မှ တူရကီသို့ ထွက်ခွာခဲ့သူဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.