Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ၏ ရဟတ်ယာဉ် တစ်စင်း ယီမင် နိုင်ငံ တွင် ပျက်ကျ ခဲ့သဖြင့် တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး

UH-60 အမျိုးအစား ရဟတ်ယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့ ဆော်ဒီအာရေဗျ နိုင်ငံ ၏ ရဟတ်ယာဉ် တစ်စင်း သည် ယီမင် နိုင်ငံ အတွင်း စစ်ဆင်ရေး ဆောင်ရွက်နေစဉ် တွင် ပျက်ကျ ခဲ့ပြီး ရဟတ်ယာဉ်ပေါ်ရှိ ဆော်ဒီအာရေဗျ နိုင်ငံ မှ တပ်ဖွဲ့ဝင် ၁၂ ဦးလုံး သေဆုံးခဲ့ရကြောင်း ဧပြီ လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

မဟာမိတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် UH-60 အမျိုးအစား ရဟတ်ယာဉ် သည် ၁၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ယီမင် နိုင်ငံ အလယ်ပိုင်း Marib ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေစဉ် အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ၊ ရဟတ်ယာဉ် ပေါ်တွင် ဆော်ဒီအာရေဗျ နိုင်ငံ မှ စစ်ဘက်ဆိုင်ရာ အရာရှိ ၄ ဦး နှင့် တပ်ဖွဲ့ဝင် ၈ ဦး လိုက်ပါသွားခဲ့ကြောင်း ၊ ဤသည်မှာ ၂၀၁၅ ခုနှစ် မတ်လပိုင်းတွင် စတင်ခဲ့သော ယီမင် Houthis တပ်ဖွဲ့ အား တိုက်ခိုက်သည့် မဟာမိတ် တပ်ဖွဲ့၏ စစ်ဆင်ရေး အတွင်း ဆော်ဒီအာရေဗျ နိုင်ငံ မှ ကြုံတွေ့ခဲ့ရသည့် အဆိုးရွားဆုံးသော ဆုံးရှုံးမှု တစ်ရပ် ဖြစ်ကြောင်း ၊ ဆော်ဒီအာရေဗျ နိုင်ငံ စစ်ဘက်ဆိုင်ရာ က အခင်း ဖြစ်ပွားခဲ့သည့် အကြောင်းအရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ပါဝင် ခဲ့သည်။

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ဝက်ဘ်ဆိုက် က စစ်ဘက်ဆိုင်ရာ သတင်းပေးသူ တစ်ဦး ၏ ပြောကြားချက်ဖြင့် ယခု ဖြစ်ပွားခဲ့သော ကိစ္စရပ်သည် မိတ်ဆွေတပ်ဖွဲ့အချင်းချင်း မှားယွင်း ပစ်ခတ် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်လ ပိုင်းတွင် ယီမင် Houthis တပ်ဖွဲ့ မှ မြို့တော် Sana’a ကို သိမ်းပိုက်ခဲ့ပြီး နောက်တွင် ယီမင် နိုင်ငံ တောင်ပိုင်းဒေသ တို့ကိုလည်း သိမ်းပိုက်ခဲ့သဖြင့် ယီမင် သမ္မတ Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်းတွင် ဆော်ဒီအာရေဗျ နိုင်ငံ မှ ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့သည် ယီမင် Houthis တပ်ဖွဲ့ ကို တိုက်ခိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.