Connect with us

Africa & Middle East

အီရန်နှင့် ရုရှားက နျူကလီးယား စက်ရုံ နှစ်ရုံ တည်ဆောက်မည်

အီရန်နိုင်ငံ သမ္မတ Hassan Rouhani (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ နျူကလီယား စွမ်းအင် စက်ရုံ နှစ်ခုကို အီရန်နိုင်ငံမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ စတင် တည်ဆောက်မည် ဖြစ်ကြောင်း အီရန်နိုင်ငံ စွမ်းအင် ဝန်ကြီးက ဧပြီလ ၁၈ ရက်တွင် ကြေညာလိုက်သည်။

“အီရန်က Atomic Energy Organization (AEOI) နဲ့ ရုရှားတို့က လက်မှတ်ထိုးထားတဲ့ စာချုပ်အရ ၁,၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခု တည်ဆောက်မှာပါ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေက စခါနီးနေပါပြီ” ဟု အီရန် စွမ်းအင်ဝန်ကြီး ဟာမစ် ချစ်ချိန်က ပြောသည်။

ထို့ပြင် ရုရှားနှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနတို့ ပူးပေါင်းပြီး ပါရှားပင်လယ်ကွေ့အနီး ဟော်မော့ဇ်ဂန်ပြည်နယ်တွင် ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အခြား စွမ်းအင်စက်ရုံ တစ်ရုံလည်း တည်ဆောက်နေဆဲ ဖြစ်ကြောင်း၊ ယင်း စက်ရုံမှာ တည်ဆောက်ရေး လုပ်ငန်း စတင်နေပြီ ဖြစ်ကြောင်း ချစ်ချိန်က ပြောသည်။

အီရန်နိုင်ငံအတွင်း စွမ်းအင်စက်ရုံများ တည်ဆောက်ရေး ကူညီရန်နှင့် သဘောတူ စာချုပ်များ အပြီးသတ် ချုပ်ဆိုနိုင်ရေး အလေးထားကြောင်း ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါး နိုဗက်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံက စွမ်းအင်စက်ရုံများ အမြောက်အမြား တည်ဆောက်ရန် စီစဉ်ထားသလို ထိုသို့ စွမ်းအင် စက်ရုံများ တည်ဆောက်ရေး သဘောတူစာချုပ်များတွင် အရေးပါသည့် ဝေစုများ ရုရှားက လက်ခံရရှိထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.