Connect with us

Africa & Middle East

တရုတ်နိုင်ငံက တည်ဆောက်ထားသည့် အီသီယိုးပီးယား – ဂျီဘူတီရထားလမ်းက ၉ လအတွင်း အမေရိကန်ဒေါ်လာ ၂၉ သန်း ဝင်ငွေရရှိ

အာဒစ်အာဘာဘာ ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက တည်ဆောက်ထားသော ၇၅၂ ဒသမ ၇ ကီလိုမီတာ ရှည်လျားသော အီသီယိုးပီးယား-ဂျီဘူတီ(Ethiopia-Djibouti)ရထားလမ်းသည် ၉ လတာအတွင်း အမေရိကန်ဒေါ်လာ ၂၉ သန်း ဝင်ငွေရရှိခဲ့ကြောင်း ဇွန် ၄ ရက်တွင် အီသီယိုးပီးယား-ဂျီဘူတီ စံနှုန်းမြင့် ရထားလမ်းတည်ဆောက်ရေးရှယ်ယာလုပ်ငန်းစု Ethiopia-Djibouti Standard Gauge Railway Share Company (EDR) က ထုတ်ဖော်ပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ် ဇူလိုင် ၈ ရက်တွင် စတင်သည့် လက်ရှိ 2020/2021 အီသီယိုးပီးယားနိုင်ငံ ဘဏ္ဍာရေးနှစ်(EFY) ပထမ ၉ လတာအတွင်း ကုန်စည်တန်ချိန်ပေါင်း ၁ ဒသမ ၃၅ သန်း နှင့် ခရီးသည် ၁၅,၄၈၀ ဦး သယ်ယူပို့ဆောင်ပေးခဲ့ခြင်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉ သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း EDR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီသီယိုးပီးယားနိုင်ငံ အာဒစ်အာဘာဘာမြို့အနီး တရုတ်နိုင်ငံက တည်ဆောက်ထားသည့် အီသီယိုးပီးယား – ဂျီဘူတီရထားလမ်းပေါ်တွင် စမ်းသပ်မောင်းနှင်မှုအတွင်း ရထားပြေးဆွဲနေသည်ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်(ဆင်ဟွာ)

ကုန်တွင်းပိတ် အီသီယိုးပီးယားနိုင်ငံ နှင့် Djibouti port သို့ ဆက်သွယ်ထားသည့် Ethiopia-Djibouti ရထားလမ်းသည် COVID-19 ကပ်ရောဂါကြောင့် ယခင်က ထိခိုက်မှုခံစားခဲ့ရသော်လည်း မကြာသေးမီကာလအတွင်း ပြန်လည်လည်ပတ်မှုများ ကောင်းမွန်စွာ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့၌ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ရထားယာဉ်မောင်း ၃၄ ဦးကို မေလတွင် EDR က အောင်လက်မှတ်များထုတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————————–
( Chinese Version)

ADDIS ABABA, June 5 (Xinhua) — The Chinese-built 752.7 km Ethiopia-Djibouti railway earned 29 million U.S. dollars in a nine-month period, the Ethiopia-Djibouti Standard Gauge Railway Share Company (EDR) disclosed on Friday.

In a statement, EDR said 29 million U.S. dollars was earned from 1.35 million tons of cargo and 15,480 passengers that were transported in the first nine months of the current Ethiopian Fiscal Year (EFY) 2020/2021, which started on July 8.

The Ethiopia-Djibouti railway which connects landlocked Ethiopia to Djibouti port has in recent months robustly resumed operations that had previously been affected by the COVID-19 pandemic.

In May, EDR graduated 34 Ethiopian train drivers who underwent a series of training in Ethiopia and China. ■
1.File photo taken Oct. 3, 2016 shows a train running on the Chinese-built Ethiopia-Djibouti railway during an operational test near Addis Ababa, Ethiopia. (Xinhua/Sun Ruibo)
2.Photo taken on Sept. 5, 2020 shows the Lebu station of Ethiopia-Djibouti Railway on the outskirts of Addis Ababa, capital of Ethiopia. (Xinhua/Michael Tewelde)