Connect with us

Africa & Middle East

တရုတ်နိုင်ငံ၏လယ်ယာစိုက်ပျိုးရေးနည်းပညာက မိုဇမ်ဘစ်နိုင်ငံ၏ စားနပ်ရိက္ခာပြသာနာကို ဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်

မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုက်ဆိုက်၊ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အာဖရိက၌ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံး ဆန်စပါး စိုက်ပျိုးရေးစီမံကိန်းဖြစ်သည့် ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်သည်  မိုဇမ်ဘစ်နိုင်ငံ ဂါးဇာ(Gaza)ပြည်နယ်၏ မြို့တော် ဆိုက်ဆိုက်(Xai-Xai)တွင်ရှိကြောင်း သိရသည်။

 ကျယ်ပျောသည့်မြေယာ၊ သင့်တင့်သည့် ရာသီဥတု ၊ ကြွယ်ဝပြည့်စုံသည့် ဆည်မြောင်းရေ အရင်းအမြစ်နှင့် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို ရရှိထားရာ  အဆိုပါစီမံကိန်းသည် မြေယာဟက်တာ ၂၀,၀၀၀ ဖွံဖြိုးအောင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်းနှင့်  ပူးပေါင်းစိုက်ပျိုးမှု ပုံစံဖြင့် အနီးတစ်လျှောက်ရှိ တောင်သူလယ်သမားများ လယ်ယာမြေဖော်ထုတ်၍ ဆန်စပါးစိုက်ပျိုးနိုင်စေရန် လမ်းပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

 မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

 မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

 မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

 မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

 မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

 မိုဇမ်ဘစ်နိုင်ငံရှိ ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

ဝမ်ပေါင်မိုဇမ် လယ်ယာဥယျာဉ်သည် နည်းပညာဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက်ရှိရာ ဒေသ စားနပ်ရိက္ခာ ထွက်ကုန်ပမာဏမှာ သိသိသာသာ တိုးတက်လာသလို ပူးပေါင်းစိုက်ပျိုးရေး စီမံကိန်းတွင်ပါဝင်သည့် တောင်သူလယ်သမားများ၏ ဝင်ငွေမှာလည်း တိုးပွားလာကြောင်း သိရသည်။ ၎င်းမှာ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် တောင်သူလယ်သမားများအတွက် အားတက်စေသလို ဆန်စပါးစိုက်ပျိုးမြေဧရိယာ တိုးပွားကျယ်ပြန့်လာခြင်းနှင့်အတူ မိုဇမ်ဘစ်နိုင်ငံ၏ စားနပ်ရိက္ခာ လိုအပ်ချက်ပြသာနာကို လျော့နည်းအောင် များစွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.