Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ပထမကိုးလကာလအတွင်း ၆၆ ရာခိုင်နှုန်း မြင့်တက်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ဘက်ရှိ တည်ဆောက်ဆဲ အုပ်ချုပ်ရေးမြို့တော်သစ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးအကြံပေး ဟန်ပင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၆၆ ရာခိုင်နှုန်း တိုးမြင့်လာကာ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၉ သန်း ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ဘက်ရှိ  တည်ဆောက်ဆဲ အုပ်ချုပ်ရေးမြို့တော်သစ်၌ ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆင့်မြင့် တရုတ်သံတမန်တစ်ဦးက ပြောခဲ့သည်။

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးအကြံပေး ဟန်ပင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုများက ပြည်တွင်း လျှပ်စစ်ကိရိယာများ၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများအပါအဝင် နယ်ပယ်များစွာတွင် ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများအကြား Dayun မော်တော်ဆိုင်ကယ်၊ Konka , New Hope Group နှင့် Angel Yeast တို့လည်း ပါဝင်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

“တရုတ် စီးပွားရေးလုပ်ငန်းအချို့က သံမဏိ၊ ဆေးဝါး၊ အထည်အလိပ်၊ စွမ်းအင်သစ်၊ အမှိုက်စုဆောင်းခြင်းလုပ်ငန်းနှင့် မိလ္လာသန့်စင်လုပ်ငန်းများတွင် အထူးသဖြင့် လုပ်ဆောင်နေခဲ့ပြီး ဆွေးနွေးမှုအရ အီဂျစ်ဈေးကွက်နှင့် ဆက်စပ်သော စီမံကိန်းများတွင်လည်း စိတ်ဝင်စားမှုရှိတယ်” ဟု ဟန်က သတင်းထောက်များကို ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ၂၀၁၉ ခုနှစ် ပထမ ၁၀ လအတွင်း အနည်းငယ် လျော့နည်းသွားကာ ဒေါ်လာ ၁၀ ဒသမ ၅၈ ဘီလီယံရှိခဲ့သည်။ 

“တရုတ်က အီဂျစ်ရဲ့ ပထမဆုံး ကုန်သွယ်ဖက်အဖြစ် ကျန်ရှိနေပါတယ်” ဟု ဟန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသို့ အီဂျစ်နိုင်ငံမှ ပို့ကုန်များမှာ လိမ္မော်သီး၊ စပျစ်သီးနှင့် သကြားမုံလာ စသည့် စိုက်ပျိုးရေးသီးနှံများ ဖြစ်ကာ အီဂျစ်က တရုတ်သို့ ထိပ်တန်း လိမ္မော်သီးတင်ပို့သူဖြစ်ပြီး ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ထားကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.