Connect with us

Africa & Middle East

တူနီရှားတွင်ယာဉ်တိမ်းမှောက်၍ အနည်းဆုံးလူငါးဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရ

တူနီရှားမြို့တော်၊တူနီးစ်မြို့တစ်နေရာကိုတွေ့ရစဉ်။(ဓါတ်ပုံ---ဆင်ဟွာ)

တူနီးစ်၊ဧပြီလ ၈ ရက်(ဆင်ဟွာ)

တူနီရှားနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဧပြီလ ၇ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးပက်လက်လန် တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူငါးဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရခဲ့ကြောင်းတူနီရှားကျန်းမာရေးဝန်ကြီး ဌာန၏ကြေညာချက်တစ်စောင်တွင်ဖေါ်ပြခဲ့သည်။

ဒဏ်ရာရရှိသူများအနက် ခုနှစ်ဦးမှာဒဏ်ရာပြင်းထန်ပြီး ဂါဘီးစ်၊မတ်မာတာ နှင့် မီဒီနိုင်းမြို့များရှိဆေးရုံ များသို့တင်ပို့ထားရကြောင်းသိရသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုက ဂါဘီးစ်ပြည်နယ်အတွင်းဘတ်စ် ကားကတောင်ကုန်းတစ်ခုမှအဆင်းတွင် ၂၅ မီတာခန့် အောက်သို့လျှောကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ ကြောင်းသိရသည်။

ဂါဘီးစ်ပြည်နယ်အုပ်ချုပ်ရေးမှူး မွန်ဂျီသာမာ က “ကားအရှိန်တအားများလွန်းတာကြောင့် တိမ်းမှောက် သွားရတာလို့ယူဆရပါတယ်“ ဟုပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.