Connect with us

Africa & Middle East

အီရန် နိုင်ငံ က အနောက်အာရှ ရှိ အမေရိကန် နိုင်ငံ အလယ်ပိုင်း စစ်ဌာနချုပ် အား အကြမ်းဖက် အဖွဲ့အစည်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

အမေရိကန် တပ်ဖွဲ့ဝင်များ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အမျိုးသား လုံခြုံရေး ဆိုင်ရာ အမြင့်ဆုံး ကော်မတီ က အမေရိကန် နိုင်ငံ ၏ အနောက်အာရှ ရှိ အလယ်ပိုင်း စစ်ဌာနချုပ် နှင့် ၎င်း ၏ လက်အောက်ခံ တပ်ဖွဲ့ များအား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြောင်း ဧပြီလ ၈ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အီရန် နိုင်ငံ ပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် အကြမ်းဖက် မူဝါဒ ကို ထောက်ခံခြင်းကြောင့် အီရန် နိုင်ငံ က အမေရိကန် နိုင်ငံ အလယ်ပိုင်း စစ်ဌာနချုပ် နှင့် အနောက်အာရှ ဒေသတွင် ထားရှိသည့် တပ်ဖွဲ့ များ အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

အီရန် နိုင်ငံ ၏ ထုတ်ပြန်ကြေညာချက် တွင် အမေရိကန် နိုင်ငံ နှင့် ၎င်း ၏ မဟာမိတ် တို့ က အနောက်အာရှ ဒေသ တွင် အစွန်းရောက် အဖွဲ့အစည်း နှင့် အကြမ်းဖက် အဖွဲ့အစည်း များ အား ထောက်ခံအားပေး ခဲ့ကြောင်း ၊ အီရန် နိုင်ငံ တပ်ဖွဲ့အနေဖြင့် ယင်းဒေသ တွင် အစွန်းရောက် နှင့် အကြမ်းဖက် နှိမ်နင်းရေး တိုက်ပွဲ တွင် ရှေ့တန်း ၌ တိုက်ခိုက်နေရကြောင်း ၊ အမေရိကန် နိုင်ငံ ၏ အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်း အပေါ် အပြင်းအထန် ဝေဖန် ပြီး ယင်းဆောင်ရွက်မှု က တရားမဝင်ဘဲ အန္တရာယ် များသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဧပြီ ၈ ရက် ၌ အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ အား ၁၉၇၉ ခုနှစ် တွင် စတင်ထူထောင် ခဲ့ခြင်း ဖြစ်ပြီး အီရန် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ နှင့် ပူးပေါင်းထားသည့် အီရန် တရားဝင် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.