Connect with us

Africa & Middle East

တူရကီနိုင်ငံ က ဥရောပနိုင်ငံများအား ၎င်းတို့နိုင်ငံသား ဖမ်းမိအိုင်အက်စ်များကို ပြန်လည်လက်ခံရန် ပြောကြား

ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်လာသည့် တူရကီ တင့်ကား တစ်စီးကို တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တူရကီအစိုးရက ဥရောပနိုင်ငံများနှင့်မကျေမလည်အငြင်းပွားမှုများရှိနေသည့်ကြားမှပင်ဖမ်းဆီးမိ ထား သောနိုင်ငံခြားသားအကြမ်းဖက်တိုက်ခိုက်ရေးသမားများကို၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများသို့ နိုဝင်ဘာ လဒုတိယပတ်အတွင်း ပြန်လည်ပေးပို့မှုစတင်သွားမည်ဟု နိုဝင်ဘာလ ၈ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။

တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လု ကဥရောပနိုင်ငံများအနေနှင့်အဆိုပါ ဖမ်းမိအိုင်အက်စ်အ ကြမ်းဖက်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုတစ်စုံတစ်ရာမရှိခြင်းအတွက် နိုဝင်ဘာလ ပထမ ပတ်အတွင်းကအကြိမ်များစွာဝေဖန်ပြောကြားခဲ့ပြီး ဖမ်းမိအိုင်အက်စ်များအားနိုင်ငံသားအဖြစ်မှရုပ်သိမ်း ပြီးဖြစ်ကြောင်းဥရောပနိုင်ငံများကပြောသော်လည်း တူရကီအစိုးရအနေနှင့်ပြန်လည်လွှဲပြောင်းမှုပြုလုပ် သွားရန် သန္န္နိဋ္ဌာန်ချထားကြောင်းလည်း ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၈ ရက်ကမူ၎င်းက အိုင်အက်စ် တို့အား ပြန်လည်လွှဲပြောင်းမှုပြုလုပ်ရေး လုပ်ငန်းစဉ်ကို နိုဝင်ဘာလ ၁၁ ရက်တွင ်စတင်သွားမည် ဟု ပြောခဲ့သည်။ 

ထို့ပြင် ဆူလေမန်ဆွိုင်လု က နိုဝင်ဘာလ ပထမပတ်အတွင်းကလည်း ဥရောပနိုင်ငံများအားအဆိုပါ အိုင်အက်စ်များအားပြန်လည်လက်ခံရေးအတွက် အရေးယူဆောင်ရွက်ရန်တိုက်တွန်းပြောကြားခဲ့ပြီး တူရကီနိုင်ငံက နိုင်ငံခြားသားအကြမ်းဖက်သမားများတည်းခိုရာ ဟိုတယ်မဟုတ်ကြောင်းလည်းပြော ခဲ့သည်။

တူရကီစစ်တပ်က အောက်တိုဘာလအတွင်း ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းကိုဝင်ရောက်တိုက် ခိုက်ခဲ့ရာတွင် အိုင်အက်စ်လက်နက်ကိုင်များနှင့်၎င်းတို့၏မိသားစုဝင် ၁,၂၀၀ ခန့်ကိုဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့အနက် ၂၈၇ ဦးကို နယ်စပ်စစ်ဆင်ရေးအတွင်းဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း ဆွိုင်လု ကပြောခဲ့ သည်။

အန်ကာရာမြို့ရှိ နှစ်ဆယ့်တစ်ရာစုနှစ် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအကြံပေးအဖွဲ့မှ နိုင်ငံရေးအကဲဖြတ် တစ်ဦးဖြစ်သောအီရိုလ်ဘာဆာရန်ဘူရယ်လ် က ဥရောပနိုင်ငံများအနေနှင့်ဤကိစ္စတွင်မသိချင်ယောင် ဆောင်နေကြပုံရကြောင်း၊တူရကီအနေနှင့်ဖမ်းမိထားသော၎င်းတို့နိုင်ငံသားအိုင်အက်စ်များကိုပြန်လည် လွှဲပြောင်းနိုင်ရေးအတွက် ဖိအားပေးပြောကြားနေကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.