Connect with us

Africa & Middle East

တောင်အာဖရိကနိုင်ငံ တွင် အငှားယာဉ်ယာဉ်မောင်းများနှင့် အငှားယာဉ်အဖွဲ့အစည်းကြား ပဋိပက္ခများကြောင့် လူ ၄ဦးသေဆုံး

တောင်အာဖရိကနိုင်ငံ မှ ရဲတပ်ဖွဲ့အချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျိုဟန်နက်စ်ဘာ့ထ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ရဲတပ်ဖွဲ့ က ဂျိုဟန်နက်စ်ဘာ့ထ်မြို့ တွင် ဖြစ်ပွားခဲ့သည့် အငှားယာဉ်ပဋိပက္ခအတွင်း အငှားယာဉ် ယာဉ်မောင်း ၄ဦး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးအစောင့် ၈ဦး ကို ဖမ်းဆီးခဲ့ကာ လက်နက်များအား သိမ်းဆည်းခဲ့ကြောင်း မေ ၂၃ ရက် က ပြောကြားခဲ့သည်။

အငှားယာဉ် လမ်းကြောင်းများ နှင့် ပတ်သက်၍ ယာဉ်မောင်းများ နှင့် အငှားယာဉ် အဖွဲ့အစည်း အမှုဆောင်များ အကြား ပဋိပက္ခများဖြစ်ပွားပြီးနောက် ယင်းဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က အငှားယာဉ် အဖွဲ့အစည်း အမှုဆောင်များ နှင့် တွေ့ဆုံရန် လာရောက်သော အငှားယာဉ် ယာဉ်မောင်းများအား အဖွဲ့အစည်းမှ ငှားရမ်းထားသည့် လုံခြုံရေးအစောင့်များက ပစ်သတ်ခဲ့သည်ဟု သံသယရှိကြောင်းပြောကြားခဲ့သည်။

Gauteng ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Mavela Masondo က ပစ်ခတ်မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ပြီး အခြားလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူသတ်မှုဖြစ်ပွားရခြင်း အကြောင်းရင်း နှင့် လူသတ်တရားခံများကို စုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။

ဧပြီလအကုန်တွင်လည်း တောင်အာဖရိကရဲတပ်ဖွဲ့သည် ဒါဘန်မြို့ တွင် ဖြစ်ပွားသော အငှားယာဉ် ပဋိပက္ခအတွင်း လူအများအား ပစ်ခတ်မှုဖြင့် လူ ၁၆ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.