Connect with us

Africa & Middle East

ယီမင်ရှိ အီရန်သံရုံး တိုက်ခိုက်ခံရ

ယီမင်မြို့တော် ဆာနားမြို့တွင် တိုက်ပွဲများကြောင့် မီးလောင်ကျွမ်းနေသည့် အဆောက်အအုံများအားတွေ့ရစဉ် (ဆင်ဟွာ/AFP)

ဆာနား၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာ ဆာလတ် ၏ နောက်လိုက်များ နှင့် ဟူသီသူပုန်များအကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ယီမင်နိုင်ငံ မြို့တော် ဆာနားမြို့ရှိ အီရန်သံရုံးမှာ တိုက်ခိုက်ခံရပြီး မီးများတောက်လောင်လျက်ရှိကြောင်း ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့သည့် ဆင်ဟွာသတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။

သံရုံးအား လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် မီးများလောင်ကျွမ်းခဲ့ပြီး ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

လုံခြုံရေးတာဝန်ရှိသူတစ်ဦးက သံရုံးအဆောက်အအုံအတွင်း၌ သံရုံးဝန်ထမ်း ၂၀ခန့်ပိတ်မိနေကြောင်း ပြောကြားခဲ့သည်။

အီရန်သံရုံးသည် သမ္မတနန်းတော် အနီးတွင်တည်ရှိပြီး ဆာနားမြို့ အနောက်တောင်ပိုင်းရှိ သမ္မတဟောင်းဆာလတ် ၏ သားဖြစ်သူ နေအိမ် နှင့် နီးကပ်စွာဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဟက်ဒ်ဒါဧရိယာရှိ သံသမန်အဆောက်အအုံများသို့ လာရာလမ်းများပေါ်တွင်လည်း လူအယောက် ၁၀၀ကျော် သေဆုံးနေကြောင်း သိရသည်။

ဟူသီသူပုန်များ ထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက အီရန်သံရုံးနားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်စလုံးမှ အနည်းဆုံး စစ်သွေးကြွ ၂၀၀ဦး အသတ်ခံခဲ့ရပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.