Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းတွင်း အသေခံ ဗုံးခွဲမှု ဖြစ်ပွားရာ လူ ၆ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းတွင်း အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့သည့် နေရာ တွင် အစိုးရ တပ်ဖွဲ့ မှ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကာဘူးလ် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် မြို့တော် တွင် ဒီဇင်ဘာ ၃ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ က အတည်ပြု ထုတ်ပြန်ခဲ့သည်။

Nangarhar ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် အသေခံ ဗုံးခွဲသမား တစ်ဦး သည် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ အပြည့် တပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ် တစ်စင်း ကို Jalalabad မြို့တွင် ဖောက်ခွဲခဲ့ကြောင်း ၊ ဗုံးပေါက်ကွဲမှု ကြောင့် အသေခံ ဗုံးခွဲသမား ကိုယ်တိုင် သေဆုံးခဲ့ပြီး အခြားသေဆုံး ဒဏ်ရာရရှိသူများမှာ အရပ်သားများ ဖြစ်ကြောင်း ၊ အစိုးရ အနေဖြင့် ယင်း အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Nangarhar ပြည်နယ် သည် အာဖဂန်နစ္စတန် နိုင်ငံ အတွင်း၌ လက်နက်ကိုင် အဖွဲ့အစည်း များ လုပ်ရှားမှု အများဆုံးသော ဒေသ တစ်ခု ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့တွင် လည်း ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ အာဖဂန်နစ္စတန် နိုင်ငံ အမျိုးသား လုံခြုံရေး ဌာန မှ ဝန်ထမ်း တစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ Nangarhar ပြည်နယ် Jalalabad မြို့တွင် ဖြစ်ပွား ခဲ့သော အသေခံ ဗုံးဖောက်ခွဲမှု နှင့် ပတ်သက်၍ ဆောင်ရွက် ခဲ့ကြောင်း ကို မည်သည့် အဖွဲ့အစည်း မှ ထုတ်ဖော်ကြေညာခြင်း မရှိဟု သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.