Connect with us

Africa & Middle East

လစ်ဗျား ကမ်းရိုးတန်းတွင် လွန်ခဲ့သည့် သီတင်းပတ်က တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၅၅၇ ဦးကို ကယ်တင်ခဲ့ရ

လစ်ဗျားနိုင်ငံ ထရီပိုလီရှိ ရေတပ်အခြေစိုက်စခန်းသို့ လွှဲပြောင်းထားသော တရားမဝင် ရွှေ့ပြောင်းသွားလာသူများအား ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၅၅၇ ဦးကို လွန်ခဲ့သည့်သီတင်းပတ်က လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းတွင် ကယ်တင်ခဲ့ရပြီး လစ်ဗျားသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတကာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က ဇွန် ၇ ရက်၌ ပြောကြားခဲ့သည်။၂၀၂၁ ခုနှစ်တွင် ဗဟိုမြေထဲပင်လယ်လမ်းကြောင်းရှိ လစ်ဗျားကမ်းရိုးတန်းပြင်ပတွင် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၁၀,၇၇၁ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၁၈၈ ဦးသေဆုံးကာ ၄၈၇ ဦး ပျောက်ဆုံးခဲ့ကြောင်း IOM အဆိုအရ သိရသည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ခေါင်းဆောင် မွမ်မာကဒါဖီ သေဆုံးသွားချိန်မှစ၍ မလုံခြုံမှုနှင့် ပရမ်းပတာ အခြေအနေများနှင့် ကြုံတွေ့လျက်ရှိကြောင်း၊ လစ်ဗျားနိုင်ငံသည် မြေထဲပင်လယ်အား ဖြတ်သန်းကာ ဥရောပကမ်းခြေများသို့ သွားရောက်လိုကြသည့် တရားမဝင်ရွှေ့ပြောင်းသွားလာသူများအတွက် ရွေးချယ်စရာနေရာ တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ခံရသော ရွှေ့ပြောင်းသွားလာသူများသည် လစ်ဗျားနိုင်ငံတစ်ဝန်းရှိ လူဦးရေထူထပ်လှပြီး နိုင်ငံတကာက ပိတ်ပစ်ရန် ထပ်ခါတလဲလဲ ပြောကြားနေသည့် လက်ခံရေးစင်တာများ၌ အဆုံးသတ်သွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

557 illegal migrants rescued off Libyan coast in past week

TRIPOLI, June 8 (Xinhua) — The International Organization for Migration (IOM) said Monday that 557 illegal migrants were rescued off the Libyan coast and returned to Libya in the past week.

In 2021, a total of 10,771 illegal migrants, including women and children, have been rescued, while 188 died and 487 went missing off the Libyan coast on the Central Mediterranean route, according to the IOM.

Libya has been suffering insecurity and chaos since the fall of the late leader Muammar Gaddafi in 2011, making the North African country a preferred point of departure for illegal migrants who want to cross the Mediterranean Sea to European shores.

Rescued migrants end up inside overcrowded reception centers across Libya, despite repeated international calls to close those centers. Enditem

Illegal immigrants are transfered to Tripoli’s naval base in Tripoli, Libya, on June 21, 2018. Libyan navy on Thursday rescued 379 illegal immigrants in two separate operations off the western coastal town of Garrabulli, a navy spokesman said. (Xinhua/Hamza Turkia)