Connect with us

Africa & Middle East

အပြု သဘောဆောင်သည့် အီရန် နျူကလီးယားကိစ္စ ဆွေးနွေးပွဲ ကျင်းပခဲ့ကြာင်း အီရန်ဆို

အီရန် နျူကလီးယားကိစ္စ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အီရန်နှင့် အနောက်နိုင်ငံ ကိုယ်စားလှယ်များသည် သြစတြီးယား နိုင်ငံ ဗီယက်နာ (Vienna) တွင် အရေးယူ ပိတ်ဆို့မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အပြုသဘော ဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု အီရန် နျူကလီးယား စေ့စပ် ညှိုနှိုင်းရေး အဆင့်မြင့် အရာရှိ Abbas Araqchi က အီရန် အစိုးရမီဒီယာ ဖြစ်သည့် IRIB TV ၌ ဧပြီလ (၂၅) ရက်တွင် ပြောကြားသည်။

“ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ ကျွန်တော်တို့ အကောင်းဆုံး ဆွေးနွေးခဲ့ပါတယ်။ ပိတ်ဆို့မှု အပေါ်မှာ သူတို့ရဲ့ ရပ်တည်ချက် ကိုလည်း ရှင်းအောင်မေးမြန်း ခဲ့ပါတယ်” ဟု Araqchi က ပြောသည်။

“ အမေရိကန် လွှတ်တော်မှာ အီရန်ကို အရေးယူ ပိတ်ဆို့မှု ရုတ်သိမ်း ဖို့ ဘာတွေ ဆွေးနွေးလဲ ဆိုတာ ကျွန်တော်တို့ မေးမြန်းခဲ့ပါတယ်’’ ဟု ၎င်း က ဆက်လက် ပြောကြားသည်။

အီရန် အပေါ် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အီရန် အရာရှိများ က တိုက်တွန်း ပြောကြားခဲ့သည်။ သို့သော်လည်း အနောက်နိုင်ငံများနှင့် အမေရိကန် လွှတ်တော် အမတ်များသည် ပိတ်ဆို့ အရေးယူမှုများကို တဖြည်းဖြည်း ဖယ်ရှားပေးရန် လွှတ်တော်တွင် တိုက်တွန်း ခဲ့ကြသည်။

အစောပိုင်းတွင် အီရန် သမ္မတ Hassan Rouhani သည် အီရန်နှင့် နျူကလီးယား အရေး စေ့စပ်ညှိုနှိုင်း ဆွေးနွေးခြင်းသည် ကမာ့္ဘ အင်အားကြီး နိုင်ငံများနဲ့ ဆွေးနွေးခြင်းတာ ဖြစ်သည်။ အမေရိကန် လွှတ်တော်နှင့် ဆွေးနွေးခြင်း မဟုတ်ဟု ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက စတင်ပြီး ပူးတွဲ ဆောင်ရွက်သည့် မူကြမ်းကို စတင်ခဲ့သည်။ ထိုကဲ့သို့ ဆောင်ရွက် နိုင်ခြင်းသည် တိုးတက်မှု လမ်းစ တချို့ပင် ဖြစ်ကြောင်း Araqchi က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.