Connect with us

Africa & Middle East

ဆီးရီးယားတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်စဲရန် UN လုံခြုံရေး ကောင်စီ တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသော မီဒီယာ တွေ့ဆုံပွဲ တက်ရောက်နေစဉ် (Xinhua)

ကမ္ဘာ့ ကုလသမဂ္ဂ ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ပိုမို ဆိုးရွားလာသည့် ဆီးရီးယား၏ အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်စေရန် အားလုံးပါဝင်ဖို့ UN လုံခြုံရေး ကောင်စီက ဧပြီလ (၂၄) ရက်တွင် တိုက်တွန်း ပြောကြားသည်။

ဆီးရီးယား အရေးကိစ္စ အပေါ်တွင် ကောင်စီ အနေဖြင့် အစည်းအဝေး ကျင်းပခဲ့ပြီး UN လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဌ၏ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားတွင် ပဋိပက္ခ စတင်သည့် အချိန်က စပြီး လူဦးရေး စုစုပေါင်း ၂၂၀,၀၀၀ အထက် သေဆုံးခဲ့ကာ ၁၀,၀၀၀ ကျော်သည် ကလေးသူငယ်များ ဖြစ်သည်။ နိုင်ငံ၏ လူဦးရေ တစ်ဝက်လောက်သည် ဒုက္ခသည် စခန်းများနှင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေရသည်။

ဆီးရီးယား၏ ပဋိပက္ခသည် လက်ရှိ အချိန်တွင် ကမ္ဘာ၌ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကြပ်အတည်း ဖြစ်လာသည်။ ၎င်းဒေသတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက် လျှက်ရှိပြီး အိမ်နီးချင်း နိုင်ငံများ အပေါ်တွင် ဂယက် ရိုက်ခတ်လျက်ရှိသည်။ သန်းပေါင်း များစွာသော ဆီးရီးယား ပြည်သူများသည် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆီးရီးယား၏ ပဋိပက္ခ အိမ်နီးချင်း နိုင်ငံများအား ကူးစက်မှုအပေါ် အလေးထား ဖြေရှင်းရန်နှင့် ဆီးရီးယား ဒုက္ခသည်များကို လက်ခံထားသည့် နိုင်ငံများအား အပြည်ပြည် ဆိုင်ရာ အကူအညီများ အနေဖြင့် ကူညီရန် လုံခြံရေး ကောင်စီက တိုက်တွန်း ပြောဆိုခဲ့သည်။

ဆီးရီးယားနှင့် ဒေသတွင်း အကျပ် အတည်းများတွင် နိုင်ငံတကာမှ ကူညီမှုများတွင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း၊ အလှူရှင်များနှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ အနေဖြင့် ပဋိပက္ခကြောင့် ထိခိုက်သော နိုင်ငံများ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် ကူညီရန် ကောင်စီ အနေဖြင့် တိုက်တွန်းခဲ့သည်။

UN ၏ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဌာနက လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Valerie Amos သည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေကို ချိုးဖောက်သည့် သူများအား ပိတ်ဆို့မှုများ ပြုလုပ်ခြင်း အပါအဝင် ပဋိပက္ခ ပြီးဆုံးရန် အကူအညီပေးဖို့ ဧပြီလ (၂၄) ရက်နေ့ အစည်းအဝေးတွင် ကောင်စီသို့ မေတ္တာရပ်ခံ ခဲ့သည်။

“ ဒီပဋိပက္ခက ကမ္ဘာကို ဂယက်ရိုက်ခတ် ပါတယ်” ၊ “ ဒါကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းတာပါပဲ ၊ ဒါမှသာ အကြမ်းဖက်မှုတွေ လျှော့ကျပြီး လုံးဝ ပြီးဆုံး သွားမှာ ဖြစ်တယ်” ဟု Amos က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.