Connect with us

Africa & Middle East

ယီမင် ဟူဒစ် လက်နက်ကိုင် များ မှ ဆော်ဒီ အဆိုပြုသည့် အပစ်အခတ် ရပ်စဲ ရေးအား သဘောတူ

ဆော်ဒီ မှ ယီမင် နိုင်ငံမြို့တော် Sana'a အား လေကြောင်း တိုက်ခိုက် ခဲ့ပြီး မြင်ကွင်းပုံ (ဆင်ဟွာ)

တိုဟာ ၊ မေ ၁၀ ရက်(ဆင်ဟွာ)

ယီမင် ဟူဒစ် လက်နက်ကိုင် များမှ မေလ ၁၀ ရက်နေ့တွင် ဆော်ဒီ မှ အဆိုပြု သော အပစ်အခတ် ရပ်စဲရေး အား သဘောတူ ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး Jubail မှ လွန်ခဲ့သော ရက်က ထုတ်ပြန်ချက် တွင် အရေးပေါ် ထောက်ပံ့ ရေး ပစ္စည်း များ ပို့ဆောင် နိုင်ရန် အတွက် မေလ ၁၂ ရက် နေ့ မှ စ၍ ယီမင် တွင် အပစ်အခတ် (၅) ရက် ရပ်နားရန် အကြံပြုကြောင်း ပြောကြားခဲ့သည်။

ယီမင် ဟူဒစ် လက်နက် ကိုင် အဖွဲ့ မှ လည်း ယီမင် ပြည်သူ တို့၏ ဘေး ဒုက္ခ များ ကို အမြန် ဆုံး ဖြေရှင်း နိုင်ရန် နှင့် ထောက်ပံ့ ရေး ပစ္စည်း များ ရောက်ရှိ နိုင်ရန် အတွက် အပစ်အခတ် ရပ်စဲရေး ကို သဘောတူကြောင်း၊ သို့သော် သဘော တူထားသည့် အပစ်အခတ် ရပ်စဲရေး ကို မလိုက်နာ ပါက ပြန်လည် တုန့်ပြန် သွားမည် ဟု ပြောကြားခဲ့သည်။

ယီမင် သမ္မတ ဟောင်း Saleh ဦးဆောင် သည့် အမျိုးသား ပြည်သူ့ ညီလာခံ ပါတီ မှ လည်း မေလ ၁၀ ရက်နေ့ တွင် ဆော်ဒီ မှ အဆိုပြုသည့် အပစ်အခတ် ရပ်စဲရေးကို သဘောတူ ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည် ။ ကြေညာ ချက် တွင် ဆော်ဒီ ၏ ကျူးကျော် တိုက်ခိုက်မှု ကြောင့် ဒုက္ခ ရောက် နေသော ပြည်သူ များ ကို သက်သာ စေနိုင်ကြောင်း နှင့် အပစ်အခတ် ရပ်စဲခြင်းသည် (၅) ရက် နှင့် မလုံလောက် ကြောင်း ပါဝင်သည်။

မတ်လ ၂၆ ရက်နေ့ မစ၍ ဆော်ဒီ နှင့် အခြား နိုင်ငံ များသည် ယီမင် ဟူဒစ် လက်နက် ကိုင် အဖွဲ့ အား လေကြောင်း တိုက်ခိုက် မှု များ ပြုလုပ် ခဲ့ကြသည်။ ၎င်း လက်နက်ကိုင် အဖွဲ့ မှ သိမ်းပိုက် ထားသော ယီမင် နိုင်ငံ နယ်မြေ အများစု ကို ပြန်လည် တောင်း ဆိုခဲ့ပြီး ဆော်ဒီ တွင် လာရောက် ခိုလှုံ နေသော ယီမင် သမ္မတ Hadi ကို နိုင်ငံအား ပြန်လည် အုပ်ချုပ်ခြင်း ခွင့်ပြုရန် ပြောကြားခဲ့သည်။ သို့တော် တစ်လ ကျော် လေကြောင်း တိုက်ခိုက်မှုသည် ယီမင် ဟူဒစ် လက်နက် ကိုင် အဖွဲ့ နှင့် ပူးပေါင်း တပ်ဖွဲ့ ဖြစ်သည့် ယီမင် သမ္မတ ဟောင်း Saleh ၏ တပ် ဖွဲ့ တို့ကို တိုက်ခိုက် နိုင်ခြင်း မရှိသည့် အပြင် တိုက်ပွဲ မှာ ပိုမို ပြင်းထန်လာ ခဲ့သည်။ (Xinhua)