Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ ၏ အီရန် နျူကလီးယား သဘောတူညီမှု မှ နုတ်ထွက်ခြင်းသည် ဒေသတွင်း မတည်ငြိမ်မှု ကို ဖြစ်စေခဲ့ကြောင်း လက်ဘနွန် နိုင်ငံ သမ္မတ ပြောကြား

၂၀၁၈ ခုနှစ် မေလ ပိုင်းတွင် ဗီယင်နာ မြို့ ၌ အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပ နေစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

လက်ဘနွန် နိုင်ငံ သမ္မတ Michel Aoun က ဇူလိုင်လ ၁၆ ရက် ၌ အမေရိကန် နိုင်ငံ ၏ အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီမှု စာချုပ် မှ နုတ်ထွက် ခဲ့ခြင်းသည် ဒေသတွင်း မတည်ငြိမ်မှု ကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ဘနွန် နိုင်ငံ သမ္မတ ရုံး မှ ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် သည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် အခြေခံ အုပ်မြစ် တစ်ခု ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် အီရန် နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ဆက်ဆံရေး ကို တိုးချဲ့သွားရန် ပြောကြား ခဲ့ကြောင်း ပါဝင် ခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန်က သက်ဆိုင်ရာနိုင်ငံ ၆ နိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီ)နှင့် အီရန် နျူကလီးယားဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့သည်။ သို့သော် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က အီရန် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ကြောင်း မေလ ၈ ရက်တွင် ကြေညာခဲ့ပြီး အီရန်ကို ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ အီရန် နိုင်ငံ အနေဖြင့် သဘောတူညီမှု စာချုပ် တွင် ယာယီ ဆက်လက် ပါဝင် နေမည် ဖြစ်ပြီး အခြား သက်ဆိုင်ရာ နိုင်ငံများ နှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.