Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယားနိုင်ငံ တွင် ဆေးရုံတစ်ခု ၌ မီးလောင်မှုဖြစ်ပွားသောကြောင့် မွေးကင်းစကလေး ၈ ဦး သေဆုံး

တူနီးရှား ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း El Oued မြို့ တွင် စက်တင်ဘာ ၂၄ ရက် နံနက်အစောပိုင်းက ဆေးရုံ  တစ် ခု၌ မီးလောင်မှုဖြစ်ပွားသောကြောင့် ဆေးရုံ၏ မီးယပ်သားဖွားဆိုင်ရာဌာနမှ မွေးကင်းစကလေး ၈ ဦး သေဆုံးခဲ့ ကြောင်း သတင်း များက ဆိုသည်။

El Oued မြို့ တွင် စက်တင်ဘာ ၂၄ ရက် နံနက်အစောပိုင်းတွင် ဆေးရုံ ၏ မီးယပ်သားဖွားဆိုင်ရာဌာန မီး လောင်မှုဖြစ်ပွားရာ၌ မွေးကင်းစကလေး ၈ ဦး အပူလောင်ခြင်း နှင့် အသက်ရှုကြပ်ခြင်းကြောင်း သေဆုံးခဲ့ပြီး ၊ မီးလောင်မှုပြီးနောက် စုစုပေါင်း လူ ၇ဝ ဦး တို့ကို မီးသတ်သမားများ က ကယ်ဆယ်နိုင်ခဲ့ကြောင်း အယ်လ်ဂျီး ရီးယား မီးသတ်ဌာနကလည်းပြောခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ ၊ မီးလောင်မှုပြီးနောက် ဆေးရုံ အားတွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

အယ်လ်ဂျီးရီးယားနိုင်ငံ ကြားဖြတ်အစိုးရ သမ္မတ Bensalah နှင့် ဝန်ကြီးချုပ် Bedoui တို့က သေဆုံးခဲ့ကြ သူ များ၏ မိသားစုဝင် များအား စာနာထောက်ထားကြောင်းပြောကြားခဲ့ပြီးအချင်းဖြစ်စဉ်မှုကို စုံစမ်းစစ်ဆေး ရန် ပြောခဲ့သည်။

အဆိုပါ အချင်းဖြစ်ပွားမှုကို ရှေ့ဦးစုံစမ်းစစ်ဆေးချက်များအရ ၊ မီးလောင်မှုမှာ မီးယပ်သားဖွားဆိုင်ရာဌာနမှ လျှပ်စစ် ပစ္စည်းကိရိယာ ချွတ်ယွင်းမှုကြောင့် ဖြစ်သည်ဟု အယ်လ်ဂျီးရီးယား ကျန်းမာရေးဝန်ကြီး Miraoui က ပြည်တွင်းရုပ်မြင်သံကြားမှပြောကြားခဲ့သည်။ (XinHua)