Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်း၌ တင်းမာမှုမြင့်တက်အောင် အမေရိကန်ဖန်တီးနေကြောင်း အီရန်ပြော

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mohammad Javad Zarif အားတွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mohammad Javad Zarif က အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုမြင့်တက်အောင် အမေရိကန်နိုင်ငံက ဖန်တီးလုပ်ဆောင်နေကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

“ ကျွန်တော်တို့ဒေသမှာ အမေရိကန်က မီးလာမွှေးနေတယ်” ဟု အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ Alaameh Tabataba’i တက္ကသိုလ်၌ ပြုလုပ်သည့် “ Unilateralism and International Law ” နိုင်ငံတကာညီလာခံတွင် မိန့်ခွန်းပြောကြားစဉ် Zarif ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ စစ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူမှ အနိုင် အရှုံး ရှိလိမ့်မယ် မဟုတ်ဘူး။ နှစ်ဖက်စလုံးက အရှုံးသမားပဲဖြစ်မယ်၊ တစ်ယောက်က အများကြီးဆုံးရှုံးပျက်စီးမယ် အခြားတစ်ယောက်ကတော့ နည်းနည်းပဲ ဆုံးရှုံးပျက်စီးမယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာသဘောတူညီချက်များမှ အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့ခြင်းနှင့်ပတ်သက်၍ အီရန်ဝန်ကြီးက ပြစ်တင်စကားဆိုခဲ့သည်။

“ အီရန်နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်ထွက်သွားတယ် ၊ NAFTA ( မြောက်အမေရိကတိုက် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်) ၊ ပါရီရာသီဉတုပြောင်းလဲခြင်းဆိုင်ရာသဘောတူညီချက် ၊ ရုရှားနိုင်ငံ နှင့် ဒုံးကျည် သဘောတူညီချက် နဲ့ အခြားသော သဘောတူညီချက်များစွာကနေ အမေရိကန်နုတ်ထွက်သွားတယ် ။ ကျွန်တော့်အထင်တော့ အမေရိကန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပါ ထွက်သွားလိမ့်မယ် ။ အဲဒါဆိုရင် ကျွန်တော်တို့အတွက် ပျော်စရာပဲပေါ့ ” ဟု Zarif က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.