Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ စစ်တပ် က နိုင်ငံ တောင်ပိုင်း ဒေသတွင် တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃၀ ဦး ကို ပစ်ခတ် ရှင်းလင်း

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များ တိုက်ပွဲဝင်ရန် ပြင်ဆင် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က မတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ် တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အတွင်း တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ ဦး ကို ပစ်ခတ် ရှင်းလင်း ခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို ဒဏ်ရာရရှိစေ နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း သတင်းမီဒီယာ များက အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး နှင့် လုံခြုံရေး တပ်ဖွဲ့ က မတ်လ ၃၀ ရက်နေ့ ညပိုင်းအချိန် မှ စတင်၍ Kandahar ပြည်နယ် တွင် နယ်မြေရှင်းလင်းရေး စစ်ဆင်မှု ဆောင်ရွက်ခဲ့ရာ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ဝင် များကို ရှင်းလင်း နိုင်ခဲ့သည့် အပြင် ၎င်းတို့၏ တပ်စခန်းပေါင်း ၁၀ ခု ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

လတ်တလော ရက်ပိုင်း တွင် တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ က အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း ဒေသ များတွင် တက်ကြွစွာ လှုပ်ရှားလာကာ မတ်လ ၃၁ ရက်နေ့ တွင် တာလီဘန် တပ်ဖွဲ့ဝင် များက စစ်ဘက်ဆိုင်ရာ ကင်းလှည့်ကား တစ်စင်း ကို အမြောက်ဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အစိုးရ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

အာဖဂန်နစ္စတန် နိုင်ငံ သမ္မတ က ဖေဖော်ဝါရီ ၂၈ ရက်နေ့ က အစိုးရ အနေဖြင့် မည်သည့်တောင်းဆိုမှု မှ မပြုလုပ်ဘဲ တာလီဘန် လက်နက်ကိုင်အဖွဲ့အစည်း နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့သော်လည်း တာလီဘန် လက်နက်ကိုင် အဖွဲ့၏ မတ်လ ၁ ရက်နေ့ က ထုတ်ပြန် ခဲ့သည့် ကြေညာ ချက်တွင် တက်ကြွစွာ ပါဝင်လိုကြောင်း ကို မတွေ့ရှိခဲ့ရပါ။ ထိုနောက်တွင် လက်နက်ကိုင် အဖွဲ့အစည်း က အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် အပါအဝင် တွင် ဒေသအသီးသီး တွင် တိုက်ခိုက်မှုများစွာ ဆောင်ရွက်ခဲ့ပြီး လူပေါင်း ၁၀ နှင့်ချီ၍ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွား စေခဲ့ကြောင်း သိရှိရသည်။(Xinhua)