Connect with us

Africa & Middle East

အီရတ်နိုင်ငံက ၎င်း၏သမိုင်းတွင် ပထမဆုံး သဘာဝဓါတ်ငွေ့ တင်ပို့မှု စတင်ပြုလုပ်

အီရတ်နိုင်ငံရှိ ရေနံတူးဖော်ရေးလုပ်ကွက်တစ်ခု အားတွေ့ရစဉ်-အင်တာနက်

ဘဂ္ဂဒက်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အီရတ် ရေနံဝန်ကြီးဌာနက နိုင်ငံ၏သမိုင်းတွင် ပထမဆုံး သဘာဝဓါတ်ငွေ့ တင်ပို့မှုအား မတ်လ ၂၀ရက်နေ့ ကစတင် တင်ပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

သဘာဝဓါတ်ငွေ့ရည် ၁၀,၀၀၀ ကုဗပေ အား အရည်ပုံစံ ဖိသွင်းကာ ပထမဆုံး သယ်ဆောင်လာသည့် ဓါတ်ငွေ့တင် သင်္ဘော သည် မတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် အီရတ်နိုင်ငံ တောင်ပိုင်း Um Qasr ဆိပ်ကမ်းမြို့မှ ထွက်ခွာလာခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောရေးဆိုခွင့်ရှိသူ Asim Jihad ကပြောကြားခဲ့သည်။

အဆိုပါ ဓါတ်ငွေ့တင်ပို့မှုအား Basra ဓါတ်ငွေ့ကုမ္ပဏီက Royal Dutch Shell နှင့် ဂျပန်နိုင်ငံ Mitsubishi ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း Jihad ကပြောကြားခဲ့သည်။

အီရတ်နိုင်ငံတွင် သဘာဝဓါတ်ငွေ့ပမာဏသည် ၁၁၂ထရီလီယံ ကုဗပေ (၃.၁၃ထရီလီယံ ကုဗမီတာ) တည်ရှိနေပြီး နိုင်ငံ၏ဝင်ငွေ ၉၅ရာခိုင်နှုန်းရရှိနေသည့် ရေနံတင်ပို့မှု တွင် သဘာဝဓါတ်ငွေ့တင်ပို့မှုကိုပါ တိုးမြှင့် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.