Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံ ဘောလုံးပွဲ ၌ အဓိကရုဏ်းဖြစ်ပွားခဲ့မှုကြောင့် ၃ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရရှိ

မော်ရိုကိုနိုင်ငံ Casablancaမြို့ ရှိ Mohammed V အားကစားကွင်း ၌ ပရိသတ်များ အချင်းချင်း အဓိကရုဏ်း ဖြစ်ပွားနေပုံ (ဓာတ်ပုံ-အင်တာနက်)

ရာဘတ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ တွင်ကျင်းပသော ဘောလုံးပွဲတစ်ပွဲ ၌ ဘောလုံးအသင်း နှစ်သင်း ၏ ပရိသတ်များ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ဘောလုံး ပရိသတ် သုံးဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်က ပြောကြားခဲ့သည်။

ထွက်ပေါ်လာသည့် ဗွီဒီယိုဖိုင်များအရ မတ်လ ၁၉ ရက်နေ့ ညပိုင်း၌ Casablanca မြို့ ရှိ Mohammed V အားကစားကွင်း တွင် Raja Casablanca ဘောလုံးအသင်း၏ ပရိသတ်များနှင့် Chabab Rif al Hoceima ဘောလုံးအသင်း၏ ပရိသတ်တို့သည် ဘောလုံးပွဲအပြီးတွင် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ ခိုက်ရန်ဖြစ်ပွား ခဲ့သည့် ထိတ်လန့်ဖွယ် မြင်ကွင်းများကို တွေ့မြင်ရသည်။

ပရိသတ် နှစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ပြီး အသက် ၁၄ နှစ် အရွယ် ဆယ်ကျော်သက်တစ်ဦး သည် မတ်လ ၂၀ ရက်တွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဓိကရုဏ်းဖြစ်ပွားမှုများ အတွင်းပါဝင်ခဲ့သည်ဟု သံသယရှိသည့် လူ ၄၁ ဦး ကို ဖမ်းဆီးထားပြီး ခိုက်ရန်ဖြစ်ပွားမှု အခြေအနေ အရပ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကာ ပါဝင်သူအားလုံးကိုလည်း ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ထိုသို့ အဓိကရုဏ်းဖြစ်ပွားပြီးနောက် မော်ရိုကို ဘောလုံးအဖွဲ့ချုပ် က Raja Casablanca ဘောလုံးအသင်း ယှဉ်ပြိုင်ကစားရမည့် အိမ်ကွင်းပွဲ ၅ပွဲကို တံခါးပိတ်ကစားသွားမည်ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့ အစောပိုင်းက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.