Connect with us

Africa & Middle East

အီရတ် နိုင်ငံ ၏ စစ်ပြီးနှောင်းပိုင်း ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှု ပိုမို ပေးအပ်မည် ဖြစ်ကြောင်း ဂျာမနီ နိုင်ငံ ကတိပြု

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ မေ ၁ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) က ဧပြီလ ၃၀ ရက် ၌ ဝန်ကြီးချုပ် အိမ်တော်တွင် အီရတ်နိုင်ငံဝန်ကြီးချုပ် အဒဲလ် အဗ္ဗဒူလ် မာဒီ (Adel Abdul Mahdi) နှင့် တွေ့ဆုံချိန် တွင် ဂျာမနီ နိုင်ငံ အနေဖြင့် အီရတ် နိုင်ငံ ၏ စစ်ပြီးနှောင်းပိုင်း ပြန်လည်ထူထောင်းရေး လုပ်ငန်းတွင် ကူညီထောက်ပံ့မှုများ ပိုမို ပေးအပ်သွားမည် ဖြစ်ပြီး အီရတ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့၏ လေ့ကျင့်ရေး လုပ်ငန်းတွင်လည်း ဆက်လက် ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် က တွေ့ဆုံဆွေးနွေးမှု အပြီး ကျင်းပ ပြုလုပ်သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တွင် ဂျာမနီ နိုင်ငံ အနေဖြင့် အီရတ် နိုင်ငံ အပေါ် ကူညီထောက်ပံမှုများအား ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အီရတ် နိုင်ငံ မှ အနာဂတ် တွင် နိုင်ငံ လုံခြုံရေး အတွက် တာဝန်ယူနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် လက်ရှိချိန်ထိ အီရန် နိုင်ငံ အား အမေရိကန် ဒေါ်လာ ၁.၉ ဘီလီယံ ခန့် ကူညီထောက်ပံ့ပေး ခဲ့ကြောင်း ၊ IS အစွန်းရောက် အဖွဲ့အစည်း က စစ်ရေး အရ ရှုံးနိမ့်ခဲ့သော်လည်း ပျောက်ကွယ်သွားခြင်း မရှိသေးကြောင်း ပြောကြား ခဲ့သည်။

အီရန် နိုင်ငံ ဝန်ကြီးချုပ် က သတင်းစာ ရှင်းလင်းပွဲတွင် အီရတ် နိုင်ငံ ပြည်သူလူထု အနေဖြင့် IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ရန် အတွက် များစွား ပေးဆပ် ခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် IS အဖွဲအစည်း ၏ အင်အားစုများကို တင်းကျပ်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး အီရတ် နိုင်ငံ အနေဖြင့်လည်း ငြိမ်းချမ်းသည့် ကာလ ကို ရရှိနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အီရတ် နိုင်ငံ အစိုးရ အနေဖြင့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း အချိန်တွင် နိုင်ငံ အတွင်းရှိ IS အဖွဲ့အစည်း မှ ထိန်းချုပ်ထားသည့် နယ်မြေ အားလုံး အား သိမ်းပိုက် နိုင်ခဲ့ကြောင်း ကြေညာ ခဲ့သော်လည်း လက်ရှိ ချိန်ထိ အီရတ် နိုင်ငံ အတွင်း လက်ကျန် အစွန်းရောက် အဖွဲ့ဝင် အချို့ က တိုက်ခိုက်မှုများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.