Connect with us

Africa & Middle East

တောင်အာဖရိက၌ မိုင်းလုပ်သား ၁,၈ဝဝ ခန့်ရွှေတွင်းတစ်ခုထဲ ပိတ်မိနေ

တောင်အာဖရိကနိုင်ငံရှိ မိုင်းတွင်းတစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျိူဟန်နစ်ဘာ့ဂ် ၊ မေ ၁ ရက်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ရပ်စတန်ဘာ့ဂ်မြို့( Rustenburg ) ရှိ Sibanye-Stillwater မြေအောက် ရွှေတွင်းထဲတွင် မိုင်းလုပ်သား ခန့်မှန်းခြေ ၁,၈ဝဝ ခန့်ပိတ်မိနေကြောင်း သတ္တုသယံဇာတအရင်းအမြစ်များဦးစီးဌာန(DMR) က ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

“သမ်ဘယ်လာနီ ရွှေတွင်း၏အဝင်ဝလမ်းကြောင်းတွင် မြေအောက်သို့ပစ္စည်းများသယ်ပို့ပေးနေသောရထားသံလမ်းများကခိုင်မာမှုမရှိဘဲပြုတ်ထွက်ကာ ရွှေတွင်း၏အဝင်ဝလမ်းကြောင်းမှာပြိုကျသွားခဲ့ကြောင်း ၊ ခန့်မှန်းခြေ ရွှေတွင်းအလုပ်သမား ၁၈ဝဝ ခန့်မှာ အပြင်သို့ထွက်နိုင်ရန် အဝင်ဝ အခန်းများ၌ စောင့်ဆိုင်းနေကြောင်း ၊ ထိခိုက်ဒဏ်ရာရသူများ မရှိကြောင်း နှင့် အလုပ်သမားအားလုံးမှာ ဘေးကင်းလုံခြုံကြောင်း ” DMR ဌာနပြောရေးဆိုခွင့်ရှိသူ Ayanda Shezi က ဆိုသည်။

Sibanye ရွှေတွင်းတာဝန်ရှိသူများက ရေနှင့်လေကောင်းလေသန့်ရရှိနိုင်သောအပိုင်းတွင် ရောက်ရှိနေသည့် လုပ်သားများအတွက် အစားအစာ နှင့် စောင်များကို ချပေးလျက်ရှိကြောင်း နှင့် ထို့ကြောင့် အပေါ်တက်ရန် စောင့်ဆိုင်းနေစဉ်အတွင်း ရွှေတွင်းလုပ်သားများ သက်သောင့်သက်သာ အဆင်ပြေလျက်ရှိကြောင်း Sibanye ၏ ပြောရေးဆိုခွင့်ရှိသူ James Wellsted က သတင်းဌာနများသို့ပြောကြားခဲ့သည်။

“ နံနက်ပိုင်းအလုပ်သမားတွေ အလုပ်လုပ်နေချိန်အတွင်းမှာ ဝင်ပေါက်ပျက်စီးသွားတဲ့ သတင်းပေးပို့ချက်ကို ရွှေတွင်းစီမံခန့်ခွဲရေးဌာနက ရရှိခဲ့သည်။ အခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်လိုစီမံဆောင်ရွက်ပေးနေတယ်ဆိုတာကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပေးသွားမှာပါ” ဟု Shezi က ဆိုသည်။

Wellsted က ကုမ္ပဏီအနေဖြင့် အခြေအနေအား အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။၎င်းက ဝင်ပေါက်တာဝန်ခံများက ဝင်ပေါက်တွင်ပိတ်မိနေသည့် ရထားလမ်းပိုင်းများကို ရွှေ့ပြောင်းနေကြောင်း နှင့် ဝင်ပေါက်တည်ဆောက်မှုပုံစံ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ခြင်း ရှိမရှိကို ကြည့်ရှုစစ်ဆေးနေကြောင်း ဆိုသည်။

ရွှေတွင်းမြေအောက်တွင် ပိတ်မိနေသော အလုပ်သမားများကို ရွှေ့ပြောင်းပေးရန် Thembelani ဝင်ပေါက်အား အသုံးပြုသွားဖွယ်ရှိ မရှိ မှာ ၎င်းဝင်ပေါက် ဘေးကင်းလုံခြုံမှုရှိရမည်ဖြစ်ကြောင်း (သို့မဟုတ် ) အလုပ်သမားများအနေဖြင့် ဒုတိယဝင်ပေါက်ဖြစ်သော လက်ရှိတည်နေရာမှ ကီလိုမီတာအတန်ငယ် လမ်းလျှောက်သွားရမည့် Khuseleka ဝင်ပေါက်မှတဆင့် အပြင်သို့ထွက်နိုင်ရန် နောက်ပိုင်းတွင် ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း Wellsted က ဆိုသည်။(Xinhua)