Connect with us

Africa & Middle East

၂ဝ၁၄ ခုနှစ်နောက်ပိုင်း အိုင်အက်စ်ထိပ်တန်းခေါင်းဆောင်၏ ဗီဒီယိုဖိုင် ပထမဆုံး ထွက်ပေါ်လာ

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ထိပ်တန်းခေါင်းဆောင် Abu Bakr al-Baghdadi အားတွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊မေ၁ ရက်(ဆင်ဟွာ)

အိုင်အက်စ်(IS) အစွန်းရောက်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်သည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ၎င်းက ဆီးရီးယားနိုင်ငံ al-Baghouz မြို့တွင် အိုင်အက်စ်တို့အရေးနိုမ့်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုခဲ့သလို သီရိလင်္ကာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများအပေါ် ဂုဏ်ယူကြွေးကြော်ခဲ့သည်။

“ အိုင်အက်စ်အစ္စလာမ်မစ်အဖွဲ့နဲ့သူ့လူတွေဟာ ကျူးကျော်သူတွေနဲ့သူ့နောက်လိုက်တွေကို စစ်ပွဲ ဆက်လက်ဆင်နွှဲသွားမှာပါ” ဟု ၎င်းကဆိုသည်။

“ al-Baghouz မြို့တိုက်ပွဲက အဆုံးသတ်သွားပါပြီ။ ဒါပေမယ့် အဲဒါက မွတ်စလင်အသိုက်အဝန်းကို ကျူးကျော်လာသူတွေအတွက် အပြင်းထန်ဆုံးတိုက်ခိုက်မှု ၊ အရက်စက်ဆုံးတုံ့ပြန်မှုနဲ့အတူ အဆိုးရွားဆုံး အစီအစဉ်တွေကို သက်သေပြခဲ့တယ်” ဟု al-Baghadi က ဖြည့်စွက်ပြောကြားခဲ့သည်။

အီစတာပွဲတော်နေ့တွင် သီရိလင်္ကာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုအပေါ် al-Baghdadi က သီရိလင်္ကာတိုက်ခိုက်မှုသည် Baghouz ၌ အသက်ဆုံးရှုံးသွားခဲ့သူများအတွက် လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ကြောင်း ရည်ညွှန်းပြောကြားခဲ့သည်။

ပြီးခဲ့သော ဧပြီ ၂၁ ရက်က သီရိလင်္ကာနိုင်ငံရှိ ဟိုတယ်အချို့နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းအချို့တွင် ပေါက်ကွဲမှုအမျိုးမျိုးဖြစ်ပွားခဲ့ရာ လူပေါင်း ၃ဝဝ ကျော်သေဆုံးပြီး အခြား ၅ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။

al-Baghdadi ၏ ရုပ်သံဗီဒီယိုဖိုင်တွင် အိုင်အက်စ်စစ်သွေးကြွများအား “ ဒီနေ့ကျွန်တော်တို့ရဲ့ စစ်ပွဲဟာ ရန်သူတွေကို ချေမှုန်းဖျက်ဆီးတဲ့ တိုက်ပွဲတစ်ခုပါပဲ။ ဂျီဟတ်စစ်ပွဲကို ကမ္ဘာကြီးအဆုံးသတ်ချိန်ထိ ဆက်လက်လုပ်ဆောင်သွားမယ်” ဟူ၍လည်း တိုက်တွန်းပြောဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.