Africa & Middle East
အီဂျစ် သမ္မတဟောင်း မော်စီကို သေဒဏ် စီရင်ချက်ချ

ကိုင်ရို ၊ မေ ၁၆ ရက် (ဆင်ဟွာ)
အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီ အား ၂၀၁၁ ခုနှစ်တွင် ထောင်ဖောက်သည့် အမှုအတွက် အီဂျစ် တရားရုံးက မေလ ၁၆ ရက်နေ့၌ သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
၎င်းသည် ၂၀၁၂ ခုနှစ်တွင် ဆန္ဒပြသူများကို သတ်ဖြတ်မှုကြောင့် ၂၀၁၅ ခုနှစ် ဧပြီလတွင် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခြင်း ခံခဲ့ရသည်။
မော်စီသည် အီဂျစ်နိုင်ငံ၏ ၅ ကြိမ်မြောက် သမ္မတ ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၃၀ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်နေ့ အထိ သမ္မတတာဝန် ထမ်းဆောင် ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန်လ နောက်ပိုင်းတွင် အီဂျစ်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ကာ မော်စီ ဖယ်ရှားခြင်း ခံခဲ့ရသည်။ ၎င်းသည် အီဂျစ်နိုင်ငံ၏ သမိုင်းတွင် ပထမဆုံးသော လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခံရသည့် သမ္မတ ဖြစ်သည်။ (Xinhua)