Connect with us

Asia

ကွဲကွာနေသော တောင်-မြောက်ကိုရီးယား မိသားစုဝင်များ ပြန်လည်တွေ့ဆုံပွဲ ပြီးဆုံး

၂၁ ကြိမ်မြောက် တောင်-မြောက်ကိုရီးယား ကွဲကွာနေသော မိသားစုဝင်များတွေ့ဆုံပွဲ မြင်ကွင်းများ (ဆင်ဟွာ)

ပြုံယမ်း၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ Mount Kumgangတွင် သြဂုတ် ၂၀ရက်က စတင်ကျင်းပခဲ့သည့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ကွဲကွာနေသော မိသားစုဝင်များတွေ့ဆုံပွဲကို နှစ်ကြိမ်ခွဲကျင်းပခဲ့ရာ သြဂုတ် ၂၆ရက် တွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟို သတင်း(KCNA)၏ သတင်းများအရ သိရသည်။

ယခုကျင်းပသည့်တွေ့ဆုံပွဲမှာ သမိုင်းဝင် ပန်မွန်ဂျုံကြေညာချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ သြဂုတ် ၂၄ ရက်တွင်စတင်ကျင်းပသည့် အဆိုပါတွေ့ဆုံပွဲ၏ ဒုတိယ ပွဲစဉ်တွင် နှစ်ပေါင်းများစွာကွဲကွာသွားသော မိသားစုဆွေမျိုးများ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

၂၁ ကြိမ်မြောက် တောင်-မြောက်ကိုရီးယား ကွဲကွာနေသော မိသားစုဝင်များတွေ့ဆုံပွဲကို သြဂုတ် ၂၀ ရက်က မြောက်ကိုရီးယားနိုင်ငံ Mount Kumgangတွင် စတင် ကျင်းပခဲ့ရာ ပထမပွဲစဉ်ကို သြဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဧပြီလ ၂၇ ရက်က တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင် ပန်မွန်ဂျုံတွင် ရေးထိုးခဲ့သည့် ပန်မွန်ဂျုံကြေညာချက်ကို လက်တွေ့ဖော်ဆောင် သည့် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.