Connect with us

Asia

ဂင်္ဂ ါမြစ်နှင့် ယမုံနာမြစ် ညစ်ညမ်းမှုအတွက် တရားဥပဒေအရ အရေးယူနိုင်ရန် အိန္ဒိယ စီစဉ်

ဖမ်းမိထားသော စိန်တုံးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တာပရာဒတ်ရှ်ပြည်နယ် တရားရုံး တစ်ခုက ဂင်္ဂ ါမြစ် (Ganges) နှင့် ယမုံနာမြစ် (Yamuna) နှစ်စင်းအား လူသား တစ်ဦးအလား တရားဥပဒေအရ အခွင့်အရေးများအတိုင်း ခံစားခွင့်ပြုလိုက်ကြောင်း သိရသည်။

ထို မြစ်နှစ်စင်းအား ညစ်ညမ်းအောင် ပြုလုပ်သူ တစ်ဦးအနေဖြင့် လူ တစ်ဦးအား ထိခိုက်အောင် ပြုလုပ်ခြင်းနှင့် တူညီသော ဥပဒေပြစ်ဒဏ် ကျခံရမည် ဖြစ်ကြောင်း တရားရုံးက ညွှန်ကြားထားသည်။

အညစ်အကြေးများ၊ စက်ရုံထွက် စွန့်ပစ်ပစ္စည်းများ၊ ဘာသာရေး ယုံကြည်မှုအရ ဘုရားဖူးများစွာ၏ ရေချိုးခြင်းနှင့် ရေစိမ်ခြင်း စသည်တို့ကြောင့် ဟိန္ဒူလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ထို မြစ် နှစ်စင်းမှာ ညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

တရားရုံး အမိန့်အရ ပြည်နယ် အတွင်းဝန်လည်းဖြစ်၊ ဂင်္ဂ ါမြစ် သန့်စင်ရေး အမျိုးသား စီမံချက် ဖြစ်သော Namami Gange စီမံကိန်း ညွှန်ကြားရေးမှူးလည်း ဖြစ်သူက မြစ် သန့်စင်ရေးနှင့် ပြန်လည်ကောင်းမွန်လာရေး အတွက် တာဝန်ယူမည် ဖြစ်သည်။ Namami Gange စီမံကိန်းသည် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ ရည်မှန်းချက် စီမံကိန်း တစ်ခုလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ဝန်ကြီးချုပ်ရာထူး လက်ခံပြီးနောက် ဂင်္ဂ ါမြစ် သန့်စင်ရေး ပြုလုပ်မည်ဟု မိုဒီက ကတိပြုခဲ့သည့်အတိုင်း အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က နယူးဇီလန်နိုင်ငံ North Island ရှိ Whanganui မြစ်ကို ဥပဒေဆိုင်ရာ အခွင့်အရေး အပြည့်အဝ ပေးအပ်လိုက်သည့် ကမ္ဘာ့ ပထမဆုံး သက်ရှိတစ်ခု အဖြစ် ကြေညာခဲ့သည်။ အဆိုပါ မြစ်သည် ယင်း ဒေသရှိ မိုရီ ပြည်သူများအတွက် အထူးအရေးပါသော ရပ်တည်မှု တစ်ခုလည်း ဖြစ်သည်။

ဂင်္ဂ ါမြစ်သည် အရှည် ၂၅၂၅ ကီလိုမီတာ ရှည်လျားပြီး ရေခဲများ ဖုံးလွှမ်းနေသော ဟိမဝန္တာ တောင်တန်းမှ မြစ်ဖျားခံကာ အိန္ဒိယနိုင်ငံရှိ ပြည်နယ်များစွာအား ဖြတ်သန်း၍ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်ခြင်း ဖြစ်သည်။ ယမုံနာမြစ်သည် ဂင်္ဂ ါမြစ်၏ အကြီးဆုံး မြစ်လက်တက် ဖြစ်ပြီး ဥတရာခန်းပြည်နယ်ရှိ ယမွန်နိုထရီမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဂင်္ဂ ါမြစ်သည် စက်ရုံထွက် အညစ်အကြေးများနှင့် မြစ်ကမ်းပါး တလျှောက် အခြေချ နေထိုင်သူများကြောင့် တဖြည်းဖြည်း ညစ်ညမ်းလာခဲ့သည်။ ဂင်္ဂ ါမြစ်က ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး မြစ် တစ်စင်းဖြစ်သလို ညစ်ညမ်းမှုအရှိဆုံး မြစ် တစ်စင်းလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.