Connect with us

Asia

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမတိုင်မီ တောင်ကိုရီးယားနှင့် ပူးတွဲ ယဉ်ကျေးမှုဖျော်ဖြေတင်ဆက်မည့် အစီအစဉ်ကို မြောက်ကိုရီးယား ဖျက်သိမ်း

နှစ်နိုင်ငံ နယ်စပ်ဂိတ်၌ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ အား တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ က ကြိုဆိုနေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇန်နဝါရီ ၃ဝ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမတိုင်မီ တောင်ကိုရီးယားနိုင်ငံနှင့်ပူးတွဲ၍ ပြုလုပ်ရန်ရှိသော ယဉ်ကျေးမှု ဖျော်ဖြေတင်ဆင်မှု အစီအစဉ်ကို မြောက်ကိုရီးယားနိုင်ငံက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနရုံး၏ ယနေ့ဇန်နဝါရီ ၃ဝ ရက် ပြောကြားချက်အရ သိရသည်။

အဆိုပါ ပူးတွဲဖျော်ဖြေတင်ဆက်ရေး ဖျက်သိမ်းခြင်း အသိပေးချက်ကို ဇန်နဝါရီ ၂၉ ရက်တွင် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးရေး ဖုန်းလိုင်းမှ တဆင့် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ နှစ်နိုင်ငံ ပူးတွဲ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ရေး အစီအစဉ်ကို Kumgang တောင်၌ ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ကိုရီးယားနှစ်နိုင်ငံပူးတွဲယဉ်ကျေးမှုတင်ဆက်မှု အစီအစဉ်အဖွဲ့က ပြောကြားခဲ့သည်။

နှစ်နိုင်ငံနယ်စပ် ပန်မွန်ချုံရွာ၌ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သော တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များအဆင့် ဆွေးနွေးပွဲတွင် အဆိုပါ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်ရေးအစီအစဉ်ကို သဘောတူညီခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးတွဲယဉ်ကျေးမှုဖျော်ဖြေတင်ဆက်ရေး အစီအစဉ် ရုတ်တရက် ဖျက်သိမ်းလိုက်ရခြင်း အဓိကအကြောင်းအရာမှာ မြောက်ကိုရီးယားနိုင်ငံ၏ ပူးတွဲဖျော်ဖြေမှု အစီအစဉ်အပေါ် တောင်ကိုရီးယားနိုင်ငံသတင်းမီဒီယာများ၏ အနုတ်လက္ခဏာဆောင်သည့် သတင်းရေးသားဖော်ပြချက်များကြောင့် ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ဆိုထားသည်။

ရှေးရိုးစွဲ တောင်ကိုရီးယားသတင်းမီဒီယာများက သမ္မတမွန်ဂျေအင်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကြောင့် ပြုံချန်းအိုလံပစ်ပြိုင်ပွဲမှာ ပြုံယမ်းအိုလံပစ်ပြိုင်ပွဲ ဖြစ်၍ နေပြီဟု ဝေဖန်ပြောကြားခဲ့သည်။

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ နှင့် ပိတ်ပွဲ အခမ်းအနားများတွင် တူညီသော အလံတစ်ခုအောက်တွင် အတူတကွ ချီတက်သွားကြရန် ကိုရီးယားနှစ်နိုင်ငံက သဘောတူညီခဲ့သည်။ထို့ပြင် တောင် – မြောက် ကိုရီးယားနှစ်နိုင်ငံအကြား သမိုင်းဝင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးမြင်းစီး ရေခဲပြင်ဟော်ကီအသင်းကို အတူတကွပူးတွဲ ပြိုင်ပွဲဝင်သွားရန် စီစဉ်ထားခဲ့သည်။

ရှေးရိုးစွဲတောင်ကိုရီးယားမီဒီယာများက ပူးတွဲအသင်းကို ကန့်ကွက်ခဲ့ကြပြီး ၊ တူညီသော အလံတစ်ခုအောက် ချီတက်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ ဝါဒဖြန့်ချိရေးအတွက် အကူအညီဖြစ်သွားစေနိုင်ကြောင်း ဝေဖန်ထောက်ပြထားသည်။

ဆန့်ကျင်မှုများကို တောင်ကိုရီးယားနိုင်ငံ၏ အဓိကအတိုက်အခံပါတီ Liberty Korea Party က ဦးဆောင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံအား ပါဝင်ခွင့်ပြုခြင်းမှာ စွပ်စွဲပြစ်တင်မှုဖြင့် ရာထူးမှ ဖယ်ရှားခံရသော ယခင်တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း ပက်ဂွမ်ဟေး၏ အစီအမံများသာဖြစ်ကြောင်း ဆိုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.