Connect with us

Asia

တရုတ်နိုင်ငံ၏ ကိုရိုနာ အဆုတ်ရောင်ရောဂါတိုက်ဖျက်ရေးကို ဆက်လက်ထောက်ခံအားပေးသွားမည်ဟု ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့ ပြောကြား 

၃၂ ကြိမ်မြောက် အာဖရိက သမဂ္ဂထိပ်သီးအစည်းအဝေး ကျင်းပနေသည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အက်ဒစ်အဘာဘာ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ ကိုရိုနာ အဆုတ်ရောင်ရောဂါ တိုက်ဖျက်ရေးကို ထောက်ခံအားပေးသွားမည်ဖြစ်ပြီး အပျက်သဘောဆောင်သည့် ကောလာဟလ သတင်းစကားများကို တားဆီးဆောင်ရွက်ရန် အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့တွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အာဖရိက သမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂ ခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်လျက်ရှိသည်မှာ လွယ်ကူသည့်ကိစ္စတစ်ခုမဟုတ်ကြောင်း ၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲကာ ရောဂါဘယ၏အန္တရာယ်ကို ဖြေရှင်းသင့်ကြောင်း အာဖရိကသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အပေါ် အပျက်သဘောထိုးနှက်တိုက်ခိုက်မှုများ မလုပ်ဆောင်ကြရန် ၎င်းက သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ 

ကိုရိုနာ အဆုတ်ရောင်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာတွင် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ပြီး ကောလာဟလများကို ရှောင်ရှားရမည်ဖြစ်ကြောင်း (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ  ဥက္ကဋ္ဌ တစ်ဂျာနီ မူဟာမက် ဘန်ဒီ (Tijjani Muhammad Bande) က ဆိုသည်။ တရုတ်နိုင်ငံသည် ရောဂါအခြေအနေနှင့်ပတ်သတ်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသည့်အတွက် တန်ဖိုးထား ချီးကျူးကြောင်း ၎င်းက ဆိုသည်။

“ဒီအချိန်မှာ ကျွန်တော်တို့ဟာ ကိုရိုနာရောဂါ တိုက်ဖျက်နေတဲ့ တရုတ်နိုင်ငံက မိတ်ဆွေတွေနဲ့ စည်းလုံးညီညွတ်စွာ တစ်သားတည်းထပ်တူရှိနေမှာပါ ”ဟု အာဖရိက သမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Moussa Faki Mahamatက  ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပသည့် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးကာလအတွင်း အာဖရိက သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက တရုတ်နိုင်ငံ၌လက်ရှိကြိုးပမ်းဆောင်ရွက်နေသော ကိုရိုနာ အဆုတ်ရောင်ရောဂါတိုက်ဖျက်ရေး အစီအစဉ်အပေါ် အားလုံးအတူတကွ ထောက်ခံအားပေးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.