Connect with us

Asia

တရုတ်နှင့် ဗီယက်နမ်အကြား ပင်လယ်ရေကြောင်း ကိစ္စများ အဖြေရှာရာတွင် ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းရန် တရုတ် သမ္မတ ရှီကျင့်ဖိန် အလေးထားပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ အနေဖြင့် ပင်လယ်ရေကြောင်းကိစ္စနှင့်ပတ်သက်၍ ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် နှစ်နိုင်ငံလုံး လက်ခံနိုင်မည့် အခြေခံကျပြီး ခိုင်မြဲသော အဖြေအား ရှာဖွေရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၉ ရက်က ထုတ်ဝေလိုက်သော ဗီယက်နမ် ခရီးစဉ်ဆိုင်ရာ သတင်းဆောင်းပါး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။

ထို့ပြင် နှစ်နိုင်ငံလုံးအနေဖြင့် တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်းအား အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်အား တက်ကြွစွာ အဆင့်မြင့် ဆွေးနွေးညှိနှိုင်းရေးနှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုအား ပူးတွဲ ထိန်းသိမ်းကြရန်လည်း လိုအပ်ကြောင်း ရှီက ဆိုသည်။

ရှီသည် နိုဝင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပမည့် ၂၅ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.