Connect with us

Asia

ပါကစ္စတန် နိုင်ငံ တွင် ဘတ်စ်ကား တစ်စင်း ချောက်ထဲ ကျခဲ့သဖြင့် လူပေါင်း ၂၂ ဦး သေဆုံး ၅၁ ဦး ဒဏ်ရာရရှိ

ပါကစ္စတန် နိုင်ငံ Punjab ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ဘတ်စ်ကား ချောက်ထဲကျမှု ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ Punjab ပြည်နယ် ရဲတပ်ဖွဲ့ က ခရီးသည် အပြည့်တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စင်းသည် နိုဝင်ဘာ ၈ ရက်နေ့ညပိုင်း အချိန်တွင် ပြည်နယ် အတွင်းရှိ Attock ဒေသ၌ ချောက်ထဲ ထိုးကျ ခဲ့ရာ လက်ရှိချိန်တွင် ၂၂ ဦးသေဆုံးခဲ့ပြီး ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ အတည်ပြု ပြောကြား ခဲ့သည်။

Punjab ပြည်နယ် ရဲတပ်ဖွဲ့ဝင် တစ်ဦး က နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်း ၁၀ နာရီခန့်အချိန်တွင် ခရီးသည် ၈၂ ဦး လိုက်ပါခဲ့သည့် ဘတ်စ်ကား သည် လမ်းကွေ့ရာ၌ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ချောက်ထဲ ပြုတ်ကျ ခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွား ချိန်တွင် လူပေါင်း ၁၈ ဦး သေဆုံးသွားခဲ့ပြီး ၄ ဦးမှာ ဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၊ ယာဉ်မောင်းသူ က အရှိန်လွန်မောင်းနှင်ခြင်း နှင့် အတွေ့အကြုံ နည်းပါးခြင်းသည် အခင်းဖြစ်ပွားရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အခင်းဖြစ်ပွား ပြီးနောက်တွင် ကယ်ဆယ်ရေး အဖွဲ့ဝင် တို့မှ ရောက်ရှိ လာခဲ့ပြီး လူနာများအား အနီးပတ်ဝန်းကျင် ရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။ ဆေးရုံ မှ သက်ဆိုင်ရာ တာဝန်ရှိသူ က အချို့လူနာ များ၏ ဒဏ်ရာရရှိမှု အခြေအနေ မှာ လွန်စွာ ပြင်းထန်သောကြောင့် သေဆုံးသူ စာရင်း ပိုမို မြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.