Connect with us

Asia

ဗီယက်နမ် ယဉ်ကျေးမှု အနှစ်သာရ၊ ပူးပေါင်းဆောင်ရွက်မှု စိတ်ဝိဉာဉ်တို့ဖြင့် ပုံဖော်ထားသော APEC အစည်းအဝေး အမှတ်တံဆိပ်

APEC ခေါင်းဆောင်များ ရက်သတ္တပတ် အမှတ်တံဆိပ် ဆိုင်းဘုတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် APEC အစည်းအဝေး အမှတ်တံဆိပ် (Logo) ၌ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်၊ ဗီယက်နမ် ယဉ်ကျေးမှု အနှစ်သာရနှင့် ဆန်းသစ်မှုနှင့် ဖန်တီးမှုများ ပေါင်းစပ် ပုံဖော်ထားကြောင်း ယင်း ၂၀၁၇ ခုနှစ် APEC အစည်းအဝေး အမှတ်တံဆိပ်အား ပူးတွဲရေးသားသူ ဒီဇိုင်နာ Trinh Minh Trung က ဆင်ဟွာ သတင်းဋ္ဌာနသို့ နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၆ ရက်မှ ၁၁ ရက်အထိ APEC ခေါင်းဆောင်များ ရက်သတ္တပတ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ ဗီယက်နမ်နို်င်ငံ အလယ်ပိုင်း ဒါနန်းမြို့ လူမြင်ကွင်းများ၌ အဝါရင့်ရောင်နောက်ခံပေါ်တွင် အဝါရောင် ကြာပန်းများကို ဒီဇိုင်းဖော်ထားသော ဘောင်များ၊ ဘေလ်ဘုတ်များအား စိုက်ထူထားကြောင်း သိရသည်။

ကြာပန်းသည် ဗီယက်နမ်နိုင်ငံ၏ အထိမ်းအမှတ်ပန်းဖြစ်သဖြင့် ယခုလို ရွေးချယ်ရခြင်းဖြစ်ကြောင်း ဟနွိုင်းရှိ ဗီယက်နမ်ကုမ္ပဏီတစ်ခုဖြစ်သော Mark and B ကုမ္ပဏီ၏ ဒါရိုက်တာ Trung က ဆင်ဟွာသို့ ပြောကြားခဲ့သည်။အဆိုပါ အမှတ်တံဆိပ်အား ကြာပန်းအား ခမ်းနားကြီးကျယ်သော အလှတရားနှင့် အဆုံးမရှိနိုင်ခြင်းအား ကိုယ်စားပြုသည့် စိန်တုံးကွက် ကြယ်ပုံစံဖြင့် ပုံဖော်ထားပြီး အဝါရင့်ရောင် နောက်ခံတွင်လည်း ၎င်း၏ ကိုယ်ပိုင် အဓိပ္ပါယ်ရှိသည်ဟု ဆိုသည်။

“ပုံမှန်အားဖြင့်တော့ ၂၀၁၇ ခုနှစ် APEC အမှတ်တံဆိပ် အဓိက အရောင်က အပြာရောင်ပါ။ ဒါပေမဲ့ ကျွန်တော်တို့က APEC ခေါင်းဆောင်များ ရက်သတ္တပတ်အတွက်ကိုကျတော့ အနည်းငယ် ကွဲပြားချင်တဲ့အတွက် ခုလို ပုံဖော်ခဲ့တာပါ။ အဝါရင့်ရောင်က ကမ္ဘာမြေကြီး၊ မြေဆီလွှာရဲ့ အရောင်ဖြစ်ပါတယ်။ ဒါက နွေးထွေးမှု၊ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တိုးတက်မှု၊ ကြွယ်ဝချမ်းသာမှုတွေရဲ့ သင်္ကေတလဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

APEC အမှတ်တံဆိပ်တွင် အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံ သင်္ကေတအဖြစ် နေအလင်းတန်း ၂၁ ခုပုံစံပါရှိကြောင်း၊ အပြာ၊ အနီနှင့် အဝါရောင် စသည့် အရောင် သုံးရောင်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး လွတ်လပ်မှု၊ စီးပွားရေးလုပ်ငန်းများ လွယ်ကူူချောမွေ့မှုနှင့် နည်းပညာဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟူ၍ အမည်ပေးထားသော APEC ၏ ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင်ကြီး သုံးရပ်အား ကိုယ်စားပြုကြောင်း သိရသည်။ (Xinhua)