Connect with us

Asia

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ မက်ထရို ရထား လိမ္မော်ရောင်လိုင်း ပြေးဆွဲမှု လာဟိုးမြို့တွင် စတင်

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ လိမ္မောရောင် ရထားလိုင်းတွင် ရထားစမ်းသပ်ပြေးဆွဲမှုအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာဟိုး၊အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးသော ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရထားလမ်း လိမ္မော်ရောင်လိုင်း(Orange Line) စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်က ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တို့မှ အွန်လိုင်းဗွီဒီယိုချိတ်ဆက်၍ ကျင်းပခဲ့ကြောင်း သိရသည်။

လိမ္မော်ရောင်လိုင်း(Orange Line)သည် လက်ရှိ တောင်အာရှဒေသတွင် ခေတ်အမီဆုံး မြို့ပြရထားပို့ဆောင်ရေးစီမံကိန်း တစ်ခုဖြစ်ကြောင်း ၊ အဆိုပါလမ်းပိုင်း လည်ပတ်ပြေးဆွဲနိုင်မှုက လာဟိုးမြို့၏မြို့ပြအဆင့်တိုးမြှင့်ရေးနှင့် မြို့နေပြည်သူများအတွက် ခေတ်မီထိရောက်လုံခြုံစွာ သွားလာနိုင်ရန် ဝန်ဆောင်မှု ပေးနိုင်သလို လာဟိုး လေထုညစ်ညမ်းမှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေခြင်းကြောင်း လူမှုစီးပွားကဏ္ဍများအတွက် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Sardar Usman Buzdar က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)သည် ပါကစ္စတန်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်စည်ပင်ဝပျောစေသည့် လမ်းကြောင်းသစ်ကို ဖောက်လုပ်ပေးခြင်းဖြစ်ပြီး လိမ္မော်ရောင်လိုင်း(Orange Line)သည် နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရေးကို တစ်ဆင့်တိုးစေကြောင်း Sardar Usman Buzdar က ဆိုသည်။

ပန်ဂျပ်ပြည်နယ်ရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် လုံတိန်ပင်းက လိမ္မော်ရောင်လိုင်း(Orange Line)စီမံကိန်းပြီးစီးခြင်းသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုရလဒ်တစ်ခုဖြစ်သလို နှစ်နိုင်ငံ အစဉ်အမြဲ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏ အသေးစိတ်ပုံရိပ်ပင်ဖြစ်ပြီး ခေတ်သစ် တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် အားသစ်တိုးစေကြောင်း ပြောကြားခဲ့သည်။

NORINCO International Cooperation Ltd ၏ ဒုတိယအထွေထွေမန်နေဂျာ ဝမ်ရှောင်ပင်းက “လိမ္မော်ရောင်းလိုင်း(Orange Line)မှာ တရုတ်နိုင်ငံရဲ့စံနှုန်း ၊ နည်းပညာနဲ့ စက်ပစ္စည်းတွေကို အသုံးပြုထားတယ်။တရုတ်နိုင်ငံရဲ့ subway ဒီဇိုင်း တည်ဆောက်မှုကနေ လည်ပတ်ပြေးဆွဲရာတွင် ပြုပြင်ထိန်းသိမ်းခြင်း ကွင်းဆက်အလိုက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ စီမံကိန်း တည်ဆောက်မှုကာလမှာ ဒေသခံများအတွက် အလုပ်အကိုင်နေရာ ၇,၀၀၀ ကျော် ဖန်တီးခဲ့ပြီး ရထားပြေးဆွဲလည်ပတ်ရာ ပြုပြင်ထိန်းသိမ်းရန်အပိုင်းမှာ အလုပ်အကိုင်နေရာပေါင်း ၂,၀၀၀ ခန့်ကို ဖန်တီးပေးနိုင်လိမ့်မယ်” ဟု ဆိုသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ၏ စောပိုင်းကာလ အောင်မြင်မှုစီမံကိန်းတစ်ခုဖြစ်သည့် လာဟိုးလိမ္မော်ရောင် ရထားလိုင်း စီမံကိန်းကို China State Railway Group Co., Ltd. နှင့် China North Industries Corporation(NORINCO) တာဝန်ယူတည်ဆောက်ခဲ့ပြီး China Railway International Group (CRIG)နှင့် NORINCO International Cooperation Ltdတို့မှ အသေးစိတ်အကောင်အထည်ဖော်တည်ဆောက်ပေးခဲခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို CEXIMဘဏ်မှ ဘဏ္ဍာရေးအရ ထောက်ပံ့မှုပေးခဲ့ခြင်း ဖြစ်ရာ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁.၆ ဘီလီယံဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်ခဲ့ကာ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စီမံကိန်း ပြီးစီး၍လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ၈ နှစ်ကြာ လိမ္မော်ရောင်ရထားလိုင်း ပြုပြင်ထိန်းသိမ်းမှု စီမံကိန်း သဘောတူညီချက်ကို NORINCO International Cooperationအပါအဝင် လုပ်ငန်းများနှင့် ပါကစ္စတန်နိုင်ငံ သက်ဆိုင်ရာအဖွဲ့များဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.